Sunday, September 1, 2013

ပြုံးမယ်များကြံရင်၊ စဉ်းစားပါအုံး ( တောဒေယျ ပုဏ္ဏား )

                                                                                                                                 
          အ၀ိဇ္ဇာဆိုတာ ဘာပါလိမ့်မလဲလို့ မေးလို့ရှိရင်ဖြင့် အကျဉ်းချုပ်တော့ အ၀ိဇ္ဇာဆိုတာ သစ္စာလေးပါးမ သိတာလို့ မှတ်ထားလိုက်ကြစမ်းပါ၊ အကျယ်ချဲ့ ပြီးသကာလ ဘုရားဟောတော်မူတာကို အရှင်ဘုရားပြောပါ ဆိုလို့ရှိရင်ဖြင့် မသိကောင်းတာကို သိတာ အ၀ိဇ္ဇာ၊ သိကောင်းတာ မသိတာ အ၀ိဇ္ဇာသေသေချာချာ မှတ်ပါ ..... ( မှန်ပါ ) ။
အ၀ိဇ္ဇာဆိုတာ
            မသိကောင်းတာကို သိတာက .. ( အ၀ိဇ္ဇ ) သိကောင်းတာကိုက... ( အ၀ိဇ္ဇာပါ ) သြော်... တယ်ဆိုး တဲ့တရားပါကလားဆိုတာ ပေါ်လာကြပြီးလား... ( ပေါ်လာပါပြီ ) ။
            ဘယ်လောက်အရုပ်ဆိုးတဲ့ တရားလဲဆိုတာ ဒကာ ဒကာမတို့ သိရောပေါ့ဗျာ ... ( သိပါပြီဘုရား ) မသိကောင်းတာကျတော့ သူကသိလိုက်တာလွန်လို့ ၊ သိကောင်းတာကျတော့လည်း လုံးဝမသိဘူးဆိုတော့ အင်မတန် အရုပ်ဆိုး အကျည်းတန်ပြီးသကာလနေတဲ့တရားကို ဘုရားသခင်ကိုယ်တော်မြတ်ကြီးကသော် လည်းကောင်း၊ ဘုရား၏ တပည့်သားများကသော်လည်းကောင်း၊ ကယ်တင်မှုမရှိလို့ရှိရင်ဖြင့် မသိကောင်း တာကိုသိနေပြီး သိကောင်းတာကို လုံးဝရှောင်ကွင်းလိမ့်မယ်လို့ မှတ်ထားကြစမ်းပါ .. ( မှန်ပါ့ )၊ ဘယ် လောက်ဆိုးတဲ့တရားလဲဆိုတာ ပေါ်ကြပြီလား...( ပေါ်ပါပြီဘုရား ) ။
မသိကောင်းတာသိတာ
            ကောင်းပြီ - ဒါဖြင့် အခုထင်ထင်ရှားရှားပြောကြပါစို့၊ ဆိုရင်ဖြင့် ဥပမာ - ငါးတွေထောင်တဲ့ ပိုက်ကွန် တွေဘာတွေ၊ ငါးကိုမမိ- မိအောင် ဖမ်းနိုင်တဲ့ခဲတွေ ဘာတွေ ဆွဲပြီးသကာလ ပိုက်တွေဘာတွေ ထိုးကြတဲ့ ဒီဥာဏ်တွေဟာ ကိုစောမောင် မသိကောင်းတာကို သိထားတာ..( မှန်ပါ့ )၊ သဘောကျပြီလား... ( ကျပါပြီ ) ၊ အဲဒါ ဘာခေါ်ကြမယ်... ( အ၀ိဇ္ဇာပါဘုရား ) ။
            အခု အနောက်နိုင်ငံမှာဖြစ်နေတဲ့ အဏုမြူ ( atom ) တွေဟာ သတ္တ၀ါတွေသေရာသေကြောင်းကို သူတို့ဓာတ်တွေ ဖမ်းနိုင်တယ်ဆိုတဲ့ ဥစ္စာတွေဟာ မသိကောင်းတာသိထားတာ..( မှန်ပါ ) ၊ အဲဒါကို ဘာဆိုကြမလဲ ... ( အ၀ိဇ္ဇာပါဘုရား ) ။     
            အဲဒီတော့ အ၀ိဇ္ဇာဟာ ဒကာ ဒကာမတို့ သူကြီးပွားလာတယ်ဆိုတာဟာ မောင်နိုင်တို့၊ ကိုစံလှတို့ အထူးပြောဖို့မလိုတော့ဘူး... ( မှန်ပါ့ဘုရား ) ။
သာသနာတော်ဆုတ်လေ၊ လောကဓာတ်ထက်လေ
            ဘုရားသာသနာတော်ကြီး ဆုတ်ဆုတ် - ဆုတ်ဆုတ်သွားလေလေ ခင်ဗျားတို့ ကျုပ်တို့အပေါ် လောကဓာတ်က ထက်လေလေဆိုတာ သဘောကျကြပြီလား..( ကျပါပြီဘုရား ) ။
အ၀ဇ္ဇာတည်းဟူသောတရားက ထက်မြက် ထက်မြက်လာတာတွေလို့ သေသေချာချာမှတ်ပါ .. ( မှန်ပါ )၊ သူတို့အနောက်နိုင်ငံသားတွေဟာ တယ်ပြီး ဥာဏ်ကောင်းတယ်လို့ ဒီလိုမယူလိုက်ပါနဲ့ မောင်နိုင်..... ( မှန်ပါ )၊ မသိကောင်းတာကို သိတာဘာခေါ်ကြမယ် ...( အ၀ိဇ္ဇာပါဘုရား )၊ အဲ ... ရှေးက လူသတ်ဖို့ကို ဒါလောက် ထက်ထက်မြတ်မြတ် သူတို့သိပါရဲ့ လား... ( မသိပါဘူး ) ၊ အခုတော့ အဏုမြူ ( atom ) တွေဖမ်းပြီး သကာလ ကောင်းကင်ကနေပြီး ဗုံးထဲထည့်ခွဲရလို့ရှိရင်ဖြင့် မည်သူမှ မကျန်ဘူး၊ အကုန်သေနိုင် တယ်ဆိုတဲ့ ဥာဏ်ဟာ ကိုစောမောင် ရသွားပြီ ... ( မှန်ပါ့ )၊ ဒါဟာ သာသနာနောက်ဆုတ်တယ်ဆိုတဲ့ အကြောင်းကိုလည်း ခင်ဗျားတို့ အခု အမြင်အထင်အားဖြင့် မသိကောင်းတာသိတဲ့ အ၀ဇ္ဇာ ထက်မြက်လာ တယ်ဆိုတာသာ ကြည့်ကြပေတော့...( မှန်ပါ့ )၊ ပေါ်ကြပြီလား..( ပေါ်ပါပြီဘုရား ) ။
            ဒါဖြင့် မသိကောင်းတာ သိတာကို ဘာခေါ်ကြမယ်..( အ၀ိဇ္ဇာပါ ) ။
ကံကောင်းအကြောင်းသင့်လို့
            သိကောင်းတာ မသိတာကတော့ဖြင့် သစ္စာသိမှ နိဗ္ဗာန်ရောက်မှာ၊ သစ္စာကျတော့ အခု ဒီမှာ ဆရာကောင်း သမားကောင်းတွေ့ လို့သာ ကြားကြ သိကြရသေးတာကိုး ကိုစောမောင် ..( မှန်ပါ )၊ တချို့ နေ ရာမှာ ရှိလိမ့်မယ်များ ကိုစောမောင်ထင်သလား...( မထင်ပါဘူးဘုရား ) ၊ မထင်နဲ့တော့ ကွယ်ကိုနေပါတယ် .... ( မှန်ပါ ) ။
            အဲဒါ အင်မတန်ကံကောင်း အကြောင်းသင့်ပြီး ကိုစံလှတို့ ကြုံကြ ဆုံကြတယ် မှတ်ရမယ်နော်...( မှန် ပါ့ ) ၊ သိကောင်းတာကို ကျုပ်တို့ သိရသေးတယ်..( မှန်ပါ့ ) ။
            အနောက်နိုင်ငံတွေ ဘာတွေမှာဆိုတော့ အခု အပြိုင်အဆိုင်လုပ်နေကြတာသည် မသိကောင်းတာ သိဖို့ ကြိုးစားနေကြတာ..( မှန်ပါ့ ) သဘောပါကြပြီလား..( ပါ ပါပြီ ) ။
            ဒါဖြင့် အ၀ိဇ္ဇာသည်ကားလို့ဆိုရင် ယနေ့ပြောတဲ့ အဓိပ္ပါယ်ဟာ မသိကောင်းတာသိတာ အ၀ိဇ္ဇာ၊ သိကောင်းတာကို မသိတာလဲ..( အ၀ိဇ္ဇာပါဘုရား ) ။
မိစ္ဆာဥာဏ်လို့မှတ်
သြော်.. အ၀ိဇ္ဇာဟာ တယ်စွမ်းရည်သတ္တိထက်ပါလားဆိုတော့ သေသေချာချာခင်ဗျားတို့ မှတ်ကြ တော့၊ အတိုကောက်နာမည်နဲ့ ပြောလိုက်တယ်၊ မိစ္ဆာဥာဏ်လို့ မှတ်လိုက်စမ်းပါ ..( မှန်ပါ့ ဘုရား ) ။
            ဘယ်လိုမှတ်ကြမယ်... ( မိစ္ဆာဥာဏ်ပါဘုရား ) မိစ္ဆာဥာဏ်လို့ ဒကာ ဒကာမတွေက မှတ်လိုက်တော့ အခုကျောက်တွေဘာတွေ အမျိုးမျိုး အဖုံဖုံ ရောင်းကြ၀ယ်ကြ ပယောဂတွေ ၀င်ပြီးသကာလ ဥာဏ်ကွန့်ပြီး လုပ်ကြကိုင်ကြတာတွေလည်း ရှိသေးတာပေါ့၊ ဒါတွေလည်း ဘာဥာဏ်လို့ခေါ်ကြမလဲ...( မိစ္ဆာဥာဏ်ပါ ဘုရား )၊ မိစ္ဆာဥာဏ်ဆိုတော့ တရားကိုယ်ကောက်လိုက်တော့ မသိကောင်းတာ၊ မလုပ်ကောင်းတာကို လုပ်တတ်တဲ့ အ၀ိဇ္ဇာပဲ..( မှန်ပါ့ ) သိကောင်းတာ လုပ်ကောင်းတာကိုတော့မသိ၊ မလုပ်တတ်တာဘဲလို့ ကိုစံလှ သေသေချာချာမှတ်စမ်းပါ ... ( မှန်ပါ့ )၊ အ၀ိဇ္ဇာ၏ စွမ်းရည်သတ္တိပေါ်ကြပြီလား..( ပေါ်ပါပြီဘုရား ) ။
မိစ္ဆာဥာဏ်ဆိုတာ အ၀ဇ္ဇာ
            သြော်.. တယ်ဆိုးပါကလား.. ဒကာ ဒကာမတို့၊ ဒီလိုပြောလိုက်ရင် ဒီလိုဆိုလိုက်ရင် ဒီလူဟာပါလာ ရဲ့ ၊ ဒီလိုရောင်းသွားတယ်၊ ဒီလိုဝယ်သွားတယ်ဆိုတဲ့ ဥာဏ်တွေဟာလည်း ကိုစောမောင် ဘာထင်သတုံး...... ( အ၀ိဇ္ဇာပါဘုရား ) မိစ္ဆာဥာဏ်လေဗျာ၊ မိစ္ဆာဥာဏ်ဆိုတာကတော့ အ၀ိဇ္ဇာပဲ မဟုတ်လား..( မှန်ပါ့ )၊ ဒါတွေက မထွန်းကားဘူးလား၊ ထွန်းကားသလား၊ အကဲခတ်ကြပါ ... ( ထွန်းကားပါတယ်ဘုရား ) ။
            ဒါဖြင့် ဒကာ ဒကာမတို့ မသိကောင်းတာ သိတာက ဘာခေါ်ကြမယ်..( အ၀ိဇ္ဇာပါ )၊ သိကောင်းတာ မသိတာကကော..( အ၀ိဇ္ဇာပါပဲ ) ၊ အ၀ိန္ဒိယံ ၀ိန္ဒတီတိ အ၀ိဇ္ဇာ ၀ိန္ဒိယံ န၀ိန္ဒတိတိ အ၀ိဇ္ဇာလို့ ဟောထားပြန် တော့ မသိကောင်းတာ သိတာ အ၀ိဇ္ဇာ၊ သိကောင်းတာကို မသိတာ အ၀ိဇ္ဇာဆိုတော့ ကျုပ်တို့ ခင်ဗျားတို့မှာ ဒီလူစုလောက်ပဲ သိကောင်းတာ သိနေသေးတော့ကိုးဗျ၊ ဒီပြင်ဟာတွေကဖြင့် လောက၌ လည်တယ်ဆိုတာ ကိုစောမောင် အကဲခတ်လိုက်စမ်းပါ ၊ မသိကောင်းတာ သိတာချည့်ပဲ... ( မှန်ပါ့ ) ။
လူချီးမွမ်းခံနေရတယ်
            လောကမှာ သူများမျက်ခုံးမွေးပေါ်မှာ လမ်းလျှောက်သွားနိုင်တယ်ဆိုတဲ့ ဥာဏ်တွေဟာ ဘာခေါ်ကြမ လဲ၊ ( မသိကောင်းတာ သိတာပါဘုရား ) ၊ မသိကောင်းတာသိတော့ တရားကိုယ်ကောက်လိုက်တော့ ဘာရ သတုံး..( အ၀ိဇ္ဇာပါဘုရား ) ၊ အဲဒီ အ၀ိဇ္ဇာသမားတွေဟာ ယခုအခါမှာ မောင်နိုင်တို့ လူချီးမွမ်းခံနေရတယ် ... ( မှန်ပါ့ ) ၊ သဘောကျပြီလား .. ( ကျပါပြီ ) ။
            ဘာသမားကို လူချီးမွမ်းနေကြသတုံး..( အ၀ိဇ္ဇာသမားကို ချီးမွမ်းနေကြပါတယ် ) ချီးမွမ်းတဲ့သူလည်း ဒကာ ဒကာမတွေ၊ သူကလည်း အ၀ိဇ္ဇာသမားပဲ ..( မှန်ပါ့ ) ဟိုကလည်း သူ့ထက်ထက်တဲ့ အ၀ိဇ္ဇာနဲ့ လမ်းသွားနေတယ်လို့ ကိုစောမောင်ဆိုလိုက်ပါတော့ ..( မှန်ပါ ) ချီးမွမ်းတဲ့လူကလည်း အ၀ိဇ္ဇာနဲ့ မသိလို့ ချီးမွမ်းတာပဲမဟုတ်လား..( မှန်ပါ့ ) ထိုပုဂ္ဂိုလ်ကလည်း သူ့ထက် ထက်တဲ့အ၀ိဇ္ဇာနဲ့ သူများမျက်ခုံးမွေးပေါ် စင်္ကြံလျှောက်သွားနေတယ်ဆိုတဲ့ ဥစ္စာလည်း လက်ခုပ်တီးတဲ့လူလည်း လူအပဲ အ၀ိဇ္ဇာပဲ၊ ဟိုပုဂ္ဂိုလ်ကလည်း သူ့ဟာနဲ့သူ ဘ၀င်မြင့်နေတာကလည်း ဘာဆိုကြမလဲ ..( အ၀ိဇ္ဇာပါ ) ။
            ဘယ်လောက်များကြောက်စရာကောင်းတယ်ဆိုတာ ပေါ်ကြပြီလား ဒကာ ဒကာမတို့... ( ပေါ်ပါပြီ ဘုရား ) ၊ အ၀ိဇ္ဇာ၏ စွမ်းရည်သတ္တိဟာ မှောင်မိုက်လွန်းအားကြီးလို့ အမိုက်မှာထက်မြင်လွန်းလို့ အားလုံးပဲ ကိုပေါ်တို့လူစု ပြောလို့မကုန်အောင်ဘဲ သူ့ အဓိပ္ပါယ်ဟာများပါတယ်..( မှန်ပါ ဘုရား )၊ ဘယ်လောက်ဆိုးတဲ့ တရားဆိုတာ သိကြပြီးလား. ဒကာ ဒကာမတို့..( သိပါပြီဘုရား ) ။
မုဆိုးမွေးထားတဲ့သမင်မ
            အဲဒီတော့ ဒီအ၀္ဇိာလောက်အောက်မှာ ဒကာ ဒကာမတွေကနေကြတော့ အ၀ိဇ္ဇာဟာ မုဆိုးမွေးထား တဲ့ ယဉ်နေတဲ့တောသမင်မနဲ့တူတယ်တဲ့...( မှန်ပါ ) ဒကာ ဒကာမတို့ မုဆိုးမွေးထားတဲ့ ယဉ်ကျေးနေတဲ့ တောသမင်မနဲ့ တူတယ်တဲ့..... ( မှန်ပါ့ ) ။
ဆိုတာကမုဆိုးသေမင်း
            ဒီတော့ သမင်မက - သမင်မလည်းဖြစ်ပြီးသကာလ နေပြန်တော့ မုဆိုးကလည်း မွေးထားပြန် ... ( မှန်ပ့ါ )၊ မုဆိုးဆိုတာက သေမင်းလို့ မှတ်လိုက်ကြစမ်းပါ...( မှန်ပါ ) သမင်မက အ၀ိဇ္ဇာပါပဲ ... ( မှန်ပါ ) ။
            အဲဒီ သမင်မနဲ့တူတဲ့ အ၀ိဇ္ဇာ ဒကာ ဒကာမတို့ တောထဲမှာ သမင်တွေကို ဖြားယောင်းပြီးသကာလ မဆိုးရှိရာကိုခေါ်ခေါ်လာတာပဲ..( မှန်ပါ )၊ မုဆိုးရှိရာခေါ်လာတော့ မုဆိုးသည် ပင်ပင်ပန်းပန်းနဲ့ သတ်ဖို့ဖြတ်ဖို့ ဖြစ်ရသေးသလား..( မဖြစ်ရပါဘူး ) ၊ လွယ်လွယ်ကူကူနဲ့ပဲ သတ်ဖို့ ဖြတ်ဖို့ ဖြစ်မလား..( ဖြစ်ပါတယ် ဘုရား ) ။
အ၀ိဇ္ဇာက အောင်းသမင်မ
            ဒီမှာလည်း ဇရာ၊ မရဏဆိုတဲ့ သေမင်းနှစ်ယောက်ဆီသို့ အ၀ိဇ္ဇာတည်းဟူသော အောင်းသမင်းမက ဒကာ ဒကာမတို့သင်္ခါရတည်းဟူသော ကျော့ကွင်းတွေထဲ မတိုးတိုးအောင်လုပ်လိုက်ပါတယ်..( မှန်ပါ ) ။
            သင်္ခါရနှစ်ခုက ဘာနဲ့တူသတဲ့..( ကျော့ကွင်းနဲ့တူပါတယ် ) အ၀ိဇ္ဇာက အောင်သမင်မနော်...( မှန်ပါ ) ဇရာမရဏက မုဆိုးနော်.. ( မှန်ပါ ) သင်္ခါရနှစ်ခုကျော့ကွင်းထဲကိုမ၀င် ၀င်အောင် အောင်းသမင်မက ဖြားယောင်းပြီးသကာလ ပို့တယ် ..( မှန်ပါ ) ။
ကုသိုလ်ကျော့ကွင်း၊ အကုသိုလ်ကျော့ကွင်း
            ထိုကျော့ကွင်းနှစ်ခုထဲကော့ ကုသိုလ်ကျော့ကွင်းထဲဝင်လည်း ခန္ဓာရလို့သေပွဲဝင်မှာပဲ..( မှန်ပါ )၊ အကုသိုလ်ကျော့ကွင်းထဲဝင်တော့..( ခန္ဓာရလို့ သေပွဲဝင်မှာပါပဲ ) ကြောက်စရာကြီးပါလား ဒကာ ဒကာမတို့ ... ( မှန်ပါ ) ။
            ဒါ အလင်းကိုပြချင်လို့ သြော်.. တယ်ဆိုးနေပါကလားဆိုတာ ပေါ်အောင်လို့ မောင်နိုင်ပဏ္ဍသက ထုတ်ပြီး ပြောနေတယ်..( မှန်ပါ )၊ ကိုစောမောင် ဒါ ဘယ်လောက်ဆိုသတုံး...( ဆိုးပါတယ်ဘုရား ) ၊
အောင်သမင်က ဖြားယောင်းလာ
            ဒကာ ဒကာမတို့ အ၀ိဇ္ဇာကဘာတဲ့...( အောင်းသမင်မနဲ့တူပါတယ် )သင်္ခါရနှစ်ခုက မုဆိုးထောင်ထား တဲ့ကျော့ကွင်းနှစ်ခုနဲ့တူတယ်..( မှန်ပါ ) ၊ အောင်းသမင်မက ဖြားယောင်းလာလို့ရှိရင် ဒီကျော့ကွင်းတော့ဖြင့် တိုးမိတော့မှာပဲ ..( မှန်ပါ )၊ တိုးမိလို့ရှိရင် ပုထုဇဉ်မိုက်နဲ့တူတဲ့ ခန္ဓာဝန်ထမ်းသမားသည် မမိပေဘူးလား.. မိမ လား ..( မိပါတယ်ဘုရား ) ၊ မိလို့ရှိရင် ဇရာ မရဏ တည်းဟူသော သေမင်းလက်ချက်နဲ့ အသက်ထွက်မယ် သာပြင်ပေရော့၊ ဒီမုဆိုးရဲ့  စားဖက်ဝါးဖက်ဖြစ်ရတော့မယ်...( မှန်ပါ ) ၊ ပေါ်ကြပြီလား ( ပေါ်ပါပြီဘုရား ) ။
သင်္ခါရကျော့ကွင်းထဲက ပုထုဇဉ်မိုက်တွေ
            ဘယ်လောက် ကြောက်စရားကောင်းတယ်ဆိုတာ ခင်ဗျားတို့ ဒီအတိုင်းနေတော့ ဘာမှမသိဘူး၊ အခု ဆရာသမားနားရောက်လာတော့ သြော်.. တယ်ပြီးနယ်ကျယ်ပါကလား ၊ လောကမှာသေပွဲဝင်တဲ့ ပုဂ္ဂိုလ်ဟူသရွေ့ ၊ နာပွဲဝင်တဲ့ ပုဂ္ဂိုလ်ဟူသရွေ့ သည်ကားလို့ဆိုလို့ရှိရင်ဖြင့် မုဆိုးက ထောင်ထားတဲ့ကျော့ကွင်း နှစ်ခုဆီသို့ အ၀ိဇ္ဇာအောင်းသမင်မက ဖြားယောင်းပြီး သွင်းလိုက်တဲ့အတွက် ပုထုဇဉ်မိုက်ဟူသရွေ့ သည် သင်္ခါရကျော့ကွင်းထဲ မှာ ဒါတွေလုပ်ပြီး သကာလ ခန္ဓာငါးပါးတည်းဟူသော အကောင်ကြီးဟာ အမိခံရတာပဲ သင်္ခါရပြင် ဘက်မထွက်နိုင်တော့ဘူး..( မှန်ပါ )၊ ထွက်နိုင်သေးရဲ့ လား..( မထွက်နိုင်ပါဘူး ) ။
            အဲဒီတော့ ဇရာ မရဏ တွေဟာ ကိုစောမောင် ခန္ဓာရနေတော့ လိုက်ပြီးသတ်ရသလား၊ မိပြီးသား သတ်ရသလား..( မိပြီးသား သတ်ရပါတယ် ) ။
မမိ မိအောင်ဖြားယောင်းလာတာ
            တယ်လဲ ဒကာ ဒကာမတို့ အ၀ိဇ္ဇာတည်းဟူသောအောင်းသမင်မက ဖြားယောင်ချက်ကလည်း တယ်ကောင်းပါကလား..( ကောင်းပါတယ်ဘုရား ) မုဆိုးထောင်ထားတဲ့ကျော့ကွင်းထဲ မမိ မိအောင် ဖြားယောင်းလာခဲ့တာလည်း အ၀ိဇ္ဇာမိုက်တွေ ဟူသရွေ့ ကလည်း မမိဘူးလို့ ဆိုနိုင်ပါ့မလား..( မဆိုနိုင်ပါဘူး ) ကုသိုလ်လုပ်မှကွ ၊ ဆုတောင်းမှကွ ဘုံဘ၀တွေ ဆိုတော့ကျော့ကွင်းနှစ်ခုထဲ မိတော့တာပဲ...( မှန်ပါ )၊ မမိသေးဘူးလား..( မိပါတယ်ဘုရား ) မိလိုက်ပြီဆိုမှဖြင့် ခန္ဓာကြီး မပေါ်လာသေးဘူးလား..( ပေါ်လာပြီ ဘုရား ) ၊ ခန္ဓာက ကျော့ကွင်းက မိနေတဲ့ခန္ဓာကိုး မောင်နိုင်ရ..( မှန်ပါ့ ) ဘယ့်နှယ်လုပ်ပြေးမတုံးဟေ့..( မပြေးနိုင်ပါ ဘုရား ) မပြေးနိုင်တဲ့ ဇရာ မရဏလက်တွင်း ခေါင်းစင်းပြီးတော့သာ ၀င်လိုက်ပေတော့၊ သေပွဲသာ ၀င်ကြပေ တော့ ...( မှန်ပါ ) ။
သေမင်းထောင်ထားတဲ့ ကျော့ကွင်းနှစ်ခု
            ဒါဖြင့် ဒကာ ဒကာမတို့ အ၀ိဇ္ဇာတည်းဟူသော အောင်းသမင်မက ဖြားယောင်းချက်က တယ်ကောင်းပါကလားဆိုလို့ရှိရင်လည်း မလွဲဘူးဆိုရမှာပဲ ... ( မှန်ပါ ) ဘယ်ထိအောင်ဖြားယောင်းထားသ တုံးဆိုတော့ သေမင်းထောင်ထားတဲ့ ကျော့ကွင်းနှစ်ခုဆိုတဲ့ ပုညာဘိသင်္ခါရ၊ အပုညာဘိသင်္ခါရ၊ ဒီဟာနဲ့ ထောင်ထားတယ်...( မှန်ပါ့ ) ထောင်ထားတော့ ပုထုဇဉ်မိုက်ကလည်း မသိတော့ ပုညာဘိသင်္ခါနဲ့ အပုညာဘ သင်္ခါရကို လုပ်လိမ့်မယ် ကိုစောမောင်..( မှန်လှပါ ) ၊ လုပ်လိုက်တဲ့ အခါကျတော့ ခန္ဓာပေါ် မပေါ်..( ပေါ်ပါ တယ် ဘုရား )၊ ပေါ်ရင်သေမယ့်သာပြင်တော့ ...( မှန်ပါ့ဘုရား ) ။
သေဖို့သာပြင်
            ဘယ့်နှယ်ဆိုကြမလဲ ...( သေဖို့သာပြင်ပါတော့ ) သေဖို့သာပြင်တဲ့ ဆိုတဲ့ဥစ္စာဖြင့် ရှင်းရှင်းလင်းလင်း ပဲ ဒကာ ဒကာမတွေကို ဟောပါတယ် ..( မှန်ပါ )၊ ဒါဟာ မလုပ်ကောင်းတဲ့ အကုသိုလ်နဲ့ မတောင်းကောင်းတဲ့ ဆုဆိုတာကော ကျေနပ်ပြီလာ....( ကျေနပ်ပါပြီ ) ၀ဋ်ကျွတ်အောင် သစ္စာမြင်ပြီး ဒုက္ခသစ္စာကြီး ကျွတ်ချင်လို့ လုပ်တဲ့ကုသိုလ်မျိုးကိုတော့ ပုညာဘ သင်္ခါရသွားပြီး မဆိုနဲ့၊ သဘောကျပါပြီလား ...( ကျပါပြီ ) ။
            အဲဒီကုသိုလ်မျိုးကို ဆိုသည်မဟုတ်ပါဘူး၊ ဟိဘုံ ဒီဘုံ အကြိမ်ကြိမ် ခံစားချင်တဲ့ ကုသိုလ်မျိုးဟာ မုဆိုးထောင်ထားတဲ့ ကျော့ကွင်း၊ သေမင်းထောင်ထားတဲ့ကျော့ကွင်းသာ မှတ်ပေတော့ ..( မှန်ပါ ) ရှင်းကြပြီ လား( ရှင်းပါပြီဘုရား ) ။
            အားလုံး ဒကာ ဒကာမတွေ ထူးထူးလည်လည်ပဲ ပြောနေတဲ့အတွက် သြော်.. တို့သည်ကားလို့ဆိုရင် ယခု ဘယ်အထဲများ ရောက်နေပါလိမ့်မတုံးလို့ ကြည့်လိုက်တော့မှ ခန္ဓာငါးပါးကြီး ပေါ်နေတာက ဒီကုသိုလ်၊ အကုသိုလ် ကျော့ကွင်း၏ စွမ်းရည်သတ္တိကို လွန်နိုင်သေးရဲ့ လား.. ( မလွန်နိုင်ပါ ဘူးဘုရား ) ၊ ကိုစောမောင် ဒီကုသိုလ်ပြုသ၍ ခံရုံပဲ..( မှန်ပါ့ဘုရား )၊ မလာဘူးလား..( လာပါတယ်ဘုရား )၊ ဒီဆုတောင်းပြည့်သရွေ့  ..( ခံရုံပါဘုရား )။
ဒါတွေဟာ ဆုတောင်းပြည့်တာ
            လေနာတယ်၊ ရင်နာတယ် အမျိုးမျိုးအဖုံဖုံ ဒုက္ခတွေ့တွေ့ရင် ဒါတွေဟာ ဆုတောင်းပြည့်တာလို့ ဆရာဘုန်းကြီးက ခဏခဏဟောတယ် ..( မှန်ပါ )၊ မဟောထိုက်ဘူးလား ဟောထိုက်သလား..( ဟောထိုက် ပါတယ်ဘုရား ) ။
            မောင်နိုင် ဆံဖြူတယ်၊ သွားကျိုးတယ်၊ ရောဂါတွေများတယ်၊ ခါးကိုယ်တယ်၊ ရင်နာတယ်၊ လေအောင့်တယ် အစရှိသည်နဲ့ ဒကာ ဒကာမတွေဖြစ်နေတာဟာ သြော်.. ဘာကြောင့်ပါလိမ့်မတုံးလို့ မေးတဲ့ အခါကျတော့ ကျော့ကွင်းထဲမှာ ကျော့ကွင်းမိနေလို့ ကျော့ကွင်းနာဖြစ်တာ..( မှန်ပါ )သဘောကျပြီလား. ( ကျပါပြီ )၊ ကျော့ကွင်းမှာ ရုန်းလေ ခြေထောက်မှာအနာရလေပဲ၊ ပြုတ်များ၊ ပျက်များသွားလိမ့်မယ်လို့ မအောက်မေ့နဲ့နော်. (မှန်ပါ့)၊ ကြိုးပြတ်နိုင်ရဲ့ လား( မပြတ်နိုင်ပါဘုး ) မပြုတ်ပျက်နိုင်အောင်ကို ကျုပ်တို့ က လုပ်ထားတာ ( မှန်ပါ )၊ ဆုတောင်းပြည့်တယ်ဆိုတာ ကိုစောမောင် ရိပ်မိပြီလား( ရိပ်မိပါပြီ )။
ခန္ဓာငါးပါးဟာ သေမင်းရဲ့ အစာ
            ပုညာဘိသင်္ခါရ နဲ့လုပ်ပြီး အပုညာဘိသင်္ခါရနဲ့ ဆုတောင်းလိုက်တာကတော့ဖြင့် ပြုတ်ဖို့ ပျက်ဖို့ပါသေးရဲ့ လား( မပါပါဘူး ) အိုဘေး၊ နာဘေးတွေဟာ သူ့ပစ္စည်းတွေ မဖြစ်ရပေဘူးလား.( ဖြစ်ရပါ တယ် ) ၊ အဲ ဒါဟာ ဘယ်သူက ညွန်ပြလိုက်တာနဲ့ ဒီကျော့ကွင်းနှစ်ခုထဲမှာ ဒီပုဂ္ဂိုလ်မိရပါလိမ့်မတုံးဆို တော့ အောင်းသမင်မနဲ့ တူတဲ့ အ၀ိဇ္ဇာက ဘာမှမသိအောင်ဖြားယောင်းပြီး ပုထုဇဉ်မိုက်တွေ ခေါ်လာပြီး သကာလ ပုညာဘိသင်္ခါရတည်းဟူသော ကျော့ကွင်းထဲသွင်း၊ အပုညာဘိသင်္ခါရတည်းဟူသော ကျော့ကွင်း ထဲသွင်းလို့ ကိုယ်ကိုယ်တိုင် ကျော့ကွင်းတွေကို ဒကာ ဒကာမတွေက အကောင်းထင်ပြီး သကာလ လုပ်တဲ့ အတွက် အခုတော့ဖြင့် ခန္ဓာငါးပါးဆိုတဲ့ သေမင်းရဲ့ အစာကြီးတော့ဖြင့် ဖြစ်ပါပြီ..(မှန်ပါ့ ) မဖြစ်သေးဘူးလား ( ဖြစ်ပါပြီဘုရား ) ရှင်းကြပြီလား( ရှင်းပါပြီဘုရား ) ခန္ဓာငါးပါးဟာ သေမင်း၏ အစာဆိုတာ ရိပ်မိကြပြီ လား..( ရိပ်မိပါပြီ ) ။
ကုသိုလ်မလုပ်တတ်လို့ ကျော့ကွင်းထဲမိတယ်
            အဲဒါ ဒကာ ဒကာမတွေ ကောင်းကောင်းကြီး သတိပေးလိုက်ပါတယ်၊ သြော် ဒကာ ဒကာမတွေ ဟာ ကုသိုလ်တော့ လုပ်ကြရှာတာပါပဲ။ မလုပ်တတ်ကြတော့ ကျော့ကွင်းထဲမိတာပဲ ( မှန်ပါ ) ။
            ဘယ့်နှယ်ဆိုကြပါ့မလဲ ..( မလုပ်တတ်တော့ ကျော့ကွင်းထဲမိပါတယ် ) လုပ်တော့လုပ်တာပါပဲ၊ မလုပ်တတ်တော့ ကျော့ကွင်းထဲပဲမိတယ်..( မှန်ပါ ) ၊ မိတယ် မမိတယ် ကိုယ့်ခန္ဓာကြီးအခု ဘယ်လိုနေတယ် သာစဉ်းစားပါ၊ ရှေ့ တိုးလို့ရရဲ့ လား..( မရပါဘုရား ) နောက်ဆုတ်လို့ကော ..( မရပါဘူး )၊ ဒီအပူတွေ ငြိမ်းစေ ချင်လို့ကော..( မရပါဘူး ) ဒီသူခိုးဒုက္ခ၊ သူဝှက်ဒုက္ခတွေ ကင်းစေချင်လို့ကော..( မရပါဘူး ) အို.. အခုတော့ ကမ္မသကာပဲ.. မပြေးသာ မရှောင်သာ ဖြစ်နေပေါ့ပဲလို့နေကြရတယ်၊ကျော့ကွင်းပြင်ဘက်ကို ကိုစောမောင် ထွက်အောင်ရုန်းနိုင်သေးရဲ့ လား.. ( မရုန်းနိုင်ပါဘူး ) မရုန်းနိုင်တော့ ကျော့ကွင်းမိနေတဲ့ပုဂ္ဂိုလ်သည် မရဏ မင်းနဲ့တူတဲ့ မုဆိုးက သူ့သမင်မက ဖြားယောင်းလာတဲ့ ဥစ္စာကို သူ့သမင်မက ဖြားယောင်းလာလို့ ဤကျော့ကွင်း နှစ်ခုထဲ ပုထုဇဉ်မိုက်မိနေတာကို ကိုစောမောင် တခြားသွားရှာရမှာလား.. အနီးကလေးတွင်ပဲ လား၊ အကဲခတ်ကြည့်ပါ..( အနီးကလေးတွင်ပါဘုရား ) ၊ သဘောပါကြပြီလား.. ( ပါပါပြီ ) ။
ဥာဏ်နဲ့စဉ်းစားပါ
            တယ်လည်း ဆိုးဝါးပါကလားဆိုတာ ဒကာ ဒကာမတွေ ဥာဏ်နဲ့ စဉ်းစားပါနော် ..( မှန်ပါ့ )အခု ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီအရပ်မကောင်းလို့ ဟိုအရပ်ပြောင်းစရာလည်း ပုညာဘိသင်္ခါရ ကျော့ကွင်း ကလွတ်ကဲ့လား..( မလွတ်ပါဘူး ) ဒီအရပ်မကောင်းလို့ ဟိုအရပ်ပြောင်းပြန်တော့လည်း အပုညာဘိသင်္ခါရ တောင်းထားတဲ့ ဆုပြည့်တာက ကိုစောမောင်ခန္ဓာမရှိမှဘဲ သူလွတ်တော့မယ်..( မှန်ပါ့ ) ခန္ဓာသာရှိနေရင်. ( မလွတ်ပါဘူးဘုရား ) ၊ ကျော့ကွင်းပြင်ဘက်ကို ရောက်သေးရဲ့ လား.( မရောက်ပါဘူး ) စဉ်းစားမိကြပြီ လား..( မှန်ပါဘုရား ) ။
ဆရာသမားနဲ့ကြုံတုန်း
            အဲဒီတော့ ခင်ဗျားတို့က အခုလို ဆရာသမားများနဲ့ ကြုံတုန်းမှာ ဒီကျော့ကွင်းမျိုး နောက်ထပ် မဖြစ်စေရဘူးကွ၊ ဒီသမင်မဖြားယောင်းတာ မရဘူးကွ ဆိုပြီး ဒီလို အခုအခါမှာ တတ်နိုင်ရင်တက်ပါ၊ မတက်နိုင်လို့ရှိရင် ဒီထက်ကိုယ်ကျိုးနည်းတာတော့ မရှိတော့ဘူး ( မှန်ပါ ) ၊ နောက်ဘ၀လည်း ဒီလိုပဲ သမင်မပဲ ဖြားယောင်း၊ ဒီကျော့ကွင်းတွေရအောင်လုပ်၊ ဒီပုထုဇဉ်မိုက်ကိုမိ၊ ဒီလိုချည့် ခေါင်းဖြတ်ပြီး အသက် ကိုသတ်၊ ကိုစောမောင် ဒီလို့ချည့် မနေပေဘူးလား..( နေပါတယ် ) ၊ ကိုစံလှ ကောင်းကောင်းရိပ်မိပြီလား. ( ရိပ်မိပါပြီ ) ။
            အခုခင်ဗျားတို့ မသေရာကိုပြေးကြည့်စမ်းပါ၊ ရသေးရဲ့ လား..( မရပါဘူး ) ဘာကြောင့်တုံးဆိုတော့ ကျော့ကွင်းစွမ်းရည်သတတ္တိကို ခင်ဗျားတို့က ခုန်ကျော်ပြီးသကာလ ပြတ်အောင်တောက်အောင် လုပ်နိုင် သေးရဲ့ လား( မလုပ်နိုင်ပါဘူး ) အင် မတန်မနာဘူလား..( နာပါတယ်ဘုရား ) ။
မင်းတို့ကံကောင်းလိုက်တာတဲ့
            သြော်.. ခက်လိုက်ပါဘိတော့မယ် တို့မှာ တချို့ ကတော့ပြောမှာပဲ၊ မင်းတို့ကံကောင်းလိုက်တာကွာ၊ မင်းတို့မိုးကုတ်မြို့ လူလာဖြစ်တဲ့အတိုင်း စီးပွားရေးလည်း သိပ်ပြီးမပင်ပန်းကြဘူး၊ အဲဒါက သာမည ဟောတဲ့ တရားကိုး ကိုစောမောင်( မှန်ပါ )၊ သာမည ဟောတာ သစ္စာဆိုက်အောင် ဟောတဲ့တရားမှ မဟုတ်ဘဲ    ( မှန်ပါ ) ဒါက မြှောက်တရားလို့သာ ဆိုရမယ်၊ဆိုလို့ကောရပါ့မလား( မရပါဘူး )ခန္ဓာကို ဘာသစ္စာကို ဘာသစ္စာဖွဲ့ကြမလဲ.( ဒုက္ခသစ္စာပါ ) ။
ကျုပ်မှာ အနာနဲ့ လို့ပြောလိုက်ပါ
            ဒီဒုက္ခသစ္စာ မလွတ်သေးသရွေ့  ဘယ်သူက မြှောက်မြှောက် အနာမပျောက်သေးတဲ့ ပုဂ္ဂိုလ်မှာဖြင့် မင်းကြည့်ရတာ စိတ်ချမ်းသာလိုက်တာ ဆိုငြားသောလည်းကျုပ်မှာ အနာနဲ့လို့သာ ပြောလိုက်ပါ. ( မှန်ပါ )၊ သဘောကျပြီလား ( ကျပါပြီ ) ။
            ဘေးကပုဂ္ဂိုလ်ကတော့ ပြောချင်တာပြောမယ်၊ကိုယ့်မှာဖြင့် အနာကမပျောက်သေးဘူး၊ သူများက တော့ဖြင့် မင်းကြည့်ရတာ ၀၀ဖြိုးဖြိုးနဲ့ လေးလုံးခြောက်ဖက်ကြီးပဲ ကျားကိုးစီစားလို့မကုန်နိုင်ဘူး၊ မင်းမြင် ရတာ စိတ်ချမ်းသာလိုက်တာဆိုပေမယ့် သူ့မှာတော့ အနာက ပွနေတယ်..( မှန်ပါ ) ။
            ဒါဖြင့် သူများပြောလမ်းဆုံးလို့ တော်ပ့ါမလား.( မတော်ပါဘူး )ကိုယ့်ခန္ဓာအနာကြီးက ပျောက်ပြီး လား..( မပျောက်သေးပါဘူး )၊ သေမင်းက ဘယ်အချိန်လာဆက်မလဲ ကျော့ကွင်းမိနေတဲ့ ဥစ္စာကြီးသူက ကံကောင်းတယ် ပြောနေပြန်တယ် ( မှန်ပါ ) ရှင်းပြီလား..( ရှင်းပါပြီ ) ၊ သူများပြောယုံရမှာလား..ကိုယ်မိနေ တာက သေချာတာလား..( ကိုယ်မိနေတာက သေချာတာပါ ) ။
ကိုယ့်ဟာနဲ့ ကိုယ်ကျေနပ်နေမှာစိုးလို့
            ရှင်းကြပါ၊ ရှင်းကြပါ၊ ဒါကို သေသေချာချာ ပြောနေတယ်၊ ရှင်းကြစမ်းပါ ၊ ခင်ဗျားတို့ ဥစ္စာက ကိုယ့်ဟာကလေးနဲ့ ကိုယ်အတော်ကျေနပ်နေမှာစိုးလို့.. ကျော့ကွင်းထဲ မိမှန်းကိုး မသိလို့ ပြောနေတာ ( မှန်ပါ ) ။
            ကိုစောမောင်ရဲ့ စီးပွားရေးက အကြောင်းညီညွတ်၊ လူကကျန်းမာ၊ ရှာလို့ဖွေလို့က တည့်ပြီဆိုမှဖြင့် အတော်နေရာကျနေတယ်ထင်လိုက်တယ်၊ သူ့မှာကျော့ကွင်းက ပြတ်ထွက်သွားပြီလား ..( မပြတ်သေးပါဘူး )၊ တို့သေမင်းလာသတ်တဲ့အချိန်ဟာ သူရုန်းကန်ပြီးသကာလ လွတ်ရာသို့ ပြေးနိုင်သေးရဲ့ လား..( မပြေးနိုင် ပါဘူး ) ဘာကံကောင်းတာလဲလို့ မေးစမ်းပါအုံး( ဘာမှမကောင်းပါဘူး ဘုရား ) ၊ ပေါ်ကြပြီလား ..( ပေါ်ပါ ပြီဘုရား ) ။
အချိန်မရွေးအသတ်ခံရတော့မယ်
            ဒီအထဲမှာ ဒေါ်ကံကောင်းတို့ ကိုကံကောင်းတို့များ ပါသေးသလား..( မပါပါဘူးဘုရား ) သစ္စာနဲ့ ဟောရင် ပါကို မပါဘူးလို့ ဆုံးဖြတ်ချက်ချပါ..( မှန်ပါ ) ပါကြရဲ့ လား( မပါပါဘူး ) ဘာဖြစ်လို့တုံးဆိုတော့ ကျော့ကွင်းနှစ်ခုကို ဒကာ ဒကာမတွေ .. အ၀ဇ္ဇာသမင်မက ဖြားယောင်းလို့ ကျော့ကွင်းနှစ်ခုထဲ အမိကြီးမိပြီး ဇရာ မရဏကလည်း စောင့်နေပြီ မောင်နိုင်..( မှန်ပါ ) သေရုံကျေရုံတင်ကျန်တော့တဲ့ဥစ္စာ ဘယ်မှာ ကောင်း တာတုံးလို့ မေးစမ်းချင်တယ်ဆိုရင် ဒီတရားတစ်ပွဲလုံး ဘယ့်နှယ်ဖြေကြမတုံး( ကံကောင်း မပါပါဘူး ဘုရား ) ၊ ဦးမူ .. ကံကောင်းများပါသေးရဲ့ လား..( မပါပါဘူးဘုရား ) မပါ ပါဘူး၊ ခင်ဗျားတို့ အချိန်မရွေးလာ သတ်တာ ခံရတော့မယ် ( မှန်ပါ ) ။
ဘယ်အချိန်တုံးလို့မဆိုနဲ့
            ကိုစောမောင် ဇရာ မရဏရဲ့  လက်တွင်းမှာဖြင့် ဘယ်အချိန်တုံးလို့ မဆိုနဲ့၊ မိနေတဲ့ပုဂ္ဂိုလ်ကတော့ သူဟင်းလိုတဲ့ အချိန်သာ မှတ်ပေတော့ ( မှန်ပါ ) ဘယ့်နှယ်ဆိုကြမယ်.. ( ဟင်းလိုတဲ့အချိန်ပါ ဘုရား ) ၊ ဟင်းလိုတဲ့အချိန်ပဲ၊ ၀က်ကို ခြံထဲ လှောင်ထားကတည်းကိုက ဘယ်မှ မပြေးသာတဲ့အခါကျတော့ ဟင်းလိုတဲ့အချိန်၊ ဟင်းဈေး ကောင်းမယ့်အချိန်၊ ဈေးနေ့ဒါပဲ ရှိတော့တယ်( မှန်ပါ )၊ ဒီ့ပြင်ဘာရှိသတုံး   ( မရှိပါဘူး ဘုရား )။
            ဒီမှလည်း ဒကာ ဒကာမတို့ ကံကောင်းတစ်ယောက်မှ မပါဘူးလို့ ဆုံးဖြတ်ချက်ချလိုက်စမ်းပါ . ( မှန်ပါ ) ရှင်းပြီလား ( ရှင်းပါပြီ ) ။
            ကမ္မဿကတာ ဥာဏ်ကလေးလောက်တော့ သွားပြီးမပြောနဲ့၊ ဇရာ မရဏ မလွတ်တာကို ပဓာန ထား ..( မှန်ပါ့ ) ။
            ကိုစောမောင် ဘာကို ပဓာနထားရမတုံး ( ဇရာ မရဏ မလွတ်တာကို ပဓာန ထားရပါမယ် ) ။
            ဇရာ မရဏလွတ်မှ ကိုစောမောင် ဒုက္ခ ကျွတ်တယ်မဟုတ်လား ( မှန်ပါ့ ) ၊ ဇရာ မရဏ မလွတ်သေး တဲ့ ပုဂ္ဂိုလ်ဖြင့် ဇရာ မရဏ မုဆိုးသည်ကားလို့ဆိုရင် အလိုရှိတဲ့အချိန်မှာ အသုံးချဖို့ ဘယ်မှ မပြေးနိုင်တဲ့ ပုထုဇဉ်သတ္တ၀ါ ထင်သလို ညှဉ်းပြီး သကာလ၊ သတ်ဖြတ်ပြီး သကာလ နေဖို့ပဲ မဟုတ်လား( မှန်ပါ ) ပေါ်ကြရဲ့ လား..( ပေါ်ပါတယ်ဘုရား ) ။
ကားနဲ့ တိုက်နဲ့ ပျော်နေကြတာ
            ဒါလောက်ဆိုးဝါးတဲ့ အခြေအနေ ရောက်နေကြတယ်.ဆိုတာ ဒကာ ဒကာမတွေ ရှင်းကြပြီလား( ရှင်းပါပြီဘုရား )၊ သြော်.. ဒါဖြင့် ခင်ဗျားတို့ အခုကားကလေးနဲ့ တိုက်ကလေး ဘာကလေးနဲ့ စိန်ကလေး ရွှေကလေးနဲ့ ပျော်နေကြတာဟာ ၀က်ခြံထဲမှာ ထမင်းရည်အိုးကလေး လာချတဲ့အခါ ၀က်တွေ တအီအီနဲ့ ပျော်နေတာနဲ့ သိပ်တူတယ်..( မှန်ပါဘုရား ) မတူဘူးလား..( တူပါတယ်ဘုရား ) ဈေးနေ့ မရောက်ခင်က လေး နော်..( မှန်ပါ ) ။
ဈေးနေ့မရောက်ခင်ပျော်နေတာ
            ဘာပါလိမ့် ..( ဈေးနေ့ မရောက်ခင်ကလေးပါဘုရား ) ဒီအချိန်မှာ ပျော်နေတာ..( မှန်ပါ့ ) ခြံအပြင် ဘက် ပျော်ရမှာလား ခြံတွင်းလား( ခြံတွင်းပါဘုရား ) ။
            ဒါဖြင့် ဒီဝက်သတ်တဲ့ ပုဂ္ဂိုလ်တွေရဲ့ လိုချင်တဲ့ အချိန်မှာအသာဆွဲထုတ်သွားရုံပဲဆိုလို့ရှိရင် လွဲပါ့မလား ( မလွဲပါဘူး )၊
            အဲဒီတော့ ကိုယ်ပျော်နေတဲ့ အပျော်ကလေးလဲ ဒီနေ့ရှင်းပြလိုက်ပါတယ် ဒကာ ဒကာမတို့၊ ကိုယ့်ကျောက်ကလေးနဲ့ ကိုယ့်တိုက် ကိုယ့်ကား ကိုယ့်မြေ ကိုယ်ယာ ကိုယ့်ရွှေ ကိုယ်စိန်ကလေးနဲ့ ပျော်ပြီး သကာလနေတာ ၀က်စာအိုးကို ဖွဲနုနဲ့ ကျိုးပြီး ၀က်ခြံထဲ လာချတဲ့အခါ ၀က်တွေ ပျော်သလိုဖြစ်နေပြီ ..( မှန် ပါ့ ) ခြံရဲ့  အပြင်ဘက်လဲ ကိုစောမောင် သွားနိုင်ရဲ့ လား ..( မသွားနိုင်ပါဘူး ) စားရတာလဲ မသိလို့ မြိန်နေတာ ( မှန်ပါ ) ။
            ဘယ့်နှယ်ဆိုကြမလဲ ..( စားရတာဟာ မသိလို့ မြိန်နေကြတာပါဘုရား ) မသိလို့ မြိန်တာမှ တစ်ပါး ဘာရှိသေးသတုံး( မရှိပါဘူး ဘုရား ) ။
သားသမီးနဲ့ ၀က်ပျော်ပျော်နေတယ်
            ဒီမှာလဲ သားနဲ့ သမီးနဲ့၊ ဆွေနဲ့ မျိုးနဲ့ ပျော်နေကြတဲ့ ပုဂ္ဂိုလ်ဟာ ၀က်ခြံထဲမှာ ၀က်ပျော်ပျော်ပြီး သကာလ မသိလို့ မြိန်တယ်မှတ်လိုက်စမ်းပါ..( မှန်ပါ )မုဆိုထောင်ထားတဲ့ ၀က်ခြံထဲမှာ ပုညာဘိသင်္ခါရ၊ အပုညာဘိ သင်္ခါရ လွတ်မှ မလွတ်တော့ဘဲ ကိုစောမောင် ..( မှန်ပါ့ဘုရား ) ၊ လွတ်သေးရဲ့ လား..( မလွတ်ပါ ဘူး ဘုရား ) မိပြီးသား မနေဘူလား..( နေပါတယ်ဘုရား ) ။
            ခင်ဗျားတို့ကိုယ်တိုင် ပြောနေတာက ကံပြုသလိုခံရုံပဲ ..( မှန်ပါ )၊ မိပြီးသားအကြောင်းကို ကိုယ့်ဟာ ကိုယ်ပြောတာ( မှန်ပါ ) ။
ကံပြုသလိုခံရုံပဲ
            ဘယ်လိုပြောပါလိမ့် ..( ကံပြုသလိုခံရုံပဲ ) ကံပြုသလိုခံရုံပဲလို့ ဦးမူတို့ ခဏခဏ မသုံးဘူးလား..( သုံးပါတယ်ဘုရား ) ၊ ကိုယ့်မှာမိနေပါပြီပြောတာ ( မှန်ပါ )။
            ကံကိုတော့ ဘယ်နည်းနဲ့ ခင်ဗျားတို့ ရုန်းနိုင်သေးရဲ့ လား ..( မရုန်းနိုင်ပါဘူး )၊ မရုန်းနိုင်တော့ ကံက ထောင်ထားတဲ့ ကံမိနေတော့ ကံက မိရုံကလေး ဖမ်းထားတာပါ၊ သတ်တာကတော့ ဇရာ မရဏကသတ် တာ( မှန်ပါ )၊ ရှင်းပြီလား..( ရှင်းပါပြီဘုရား ) ။
            ကံကတော့ဘာတုံး..( မိရုံဖမ်းထားပါတယ် ) မပြေးနိုင်အောင် ဖမ်းထားတယ်၊ သုံးဆယ့်တစ်ဘုံပြင် ဘက်မှာ နိဗ္ဗာန်ရှိတယ်၊ မသွားသာအောင် ဖမ်းထားတယ်..( မှန်ပါ ) ပုညာဘိ သင်္ခါရ ကုသိုလ်ကလည်း ဖမ်းထားတယ်၊ ၀ဋ်တောင့်တလုပ်တဲ့ ကုသိုလ်ဟာ ဖမ်းထားတဲ့ ကုသိုလ်ပဲဆိုတာ သေချာပြီလား..( သေချာ ပါပြီဘုရား ) ။
            ကိုစောမောင် သဘောပါရဲ့ လား..( ပါ ပါတယ်ဘုရား ) ၀ဋ်တောင့်တပြီးလုပ်တဲ့ကုသိုလ်ဟာ ဘာတုံး ..( ဖမ်းထားတဲ့ကုသိုလ်ပါဘုရား ) ဒီသုံးဆယ့်တစ်ဘုံ ပြင်ဘက် ထွက်နိုင်သေးရဲ့ လား..( မထွက်နိုင်ပါဘူး ) ၊ ဒါဖြင့် ခြံထဲတွင်ပေါ့ဗျာ..( မှန်ပါ )ခြထဲတွင် ၀က်ပျော် ..ပျော်နေတဲ့အဓိပ္ပါယ် ဆိုတာကော ရှင်းပြီလား..( ရှင်းပါ ပြီဘုရား ) ။
ဝက်ခြံတွင်းတော်သေးတယ်ပြောတယ်
            အဲဒါကြောင့် ဒကာ ဒကာမတွေကို ပြောရတယ်၊ ခင်ဗျားတို့အခု ဘုန်းကြီးဟောလတ္တံ့ ဖြစ်တဲ့ အလင်းကိုမရရင် အခက်ကြီးခက်ပေါ့ဆိုတာ ဆုံးဖြတ်ချက်ချပါ..( မှန်ပါဘုရား )၊ သို့မဟုတ်လို့ရှိရင် ကိုယ့်အ ခြေအနေကလေးနဲ့ ကိုယ့်နဲ့အတော်အသင့်အတင့် ဟောပြောတဲ့ ဆရာသမားတွေနဲ့ အောက်တန်းကျတဲ့ စာအုပ်တွေကြည့်မယ်ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတွေက တော်သေးတယ်ဟေ့.( မှန်ပါ )၊ ၀က်ခြံတွင်း တော် သေးတယ်ပြောပြီ ကိုစောမောင်..( မှန်ပါ ) ။
            မောင်နိုင် ဘယ့်နှယ်ပြောတာပါလိမ့် ( ၀က်ခြံတွင်းတော်သေးတယ် ပြောပါတယ်ဘုရား ) ၊ ကိုပေါ် ပြောမိသေးသလား..( မပြောမိပါဘူးဘုရား ) မပြောမိရင် တော်သေးတာပေါ့ ..( မှန်ပါ )။
ဝက်ခြံတွင်းက ၀က်ပျော် ပျော်နေတာ
            နို့မဟုတ်ရင် ၀က်ခြံတွင်း ၀က်ပျော်ပျော်နေတာဆိုလို့ ရှိရင်ဖြင့် ဦးဘကလေး ငြင်ဖို့လိုသေးသလား..( မလိုပါဘူး ) ရှင်းကြပြီလား ( ရှင်းပါပြီ ) ။
            သေသေချာချာပြောတော့ သြော် အကုသိုလ်ကလည်း ဘယ်တော့ ၀င်လာမလဲ မသိဘူး၊ သူဝင် လာတဲ့အချိန် ကျုပ်တို့ သေရုံပဲဆိုတော့ အပုညာဘိသင်္ခါရကို သူကြောက်နေရတယ်..( မှန်ပါ ) ကုသိုလ်က လည်း ဘယ်တော့များ ဖြုတ်လိုက်မယ်မသိဘူး၊ သူဖြုတ်လိုက်မယ့် တစ်နေ့ကျုပ်တို့ သေပွဲဝင်ရုံပဲဆိုတော့ မရဏမင်းလက်ရောက်ရုံပဲ ပြောတာပဲ..( မှန်ပါ ) မပြောဘူးလား..( ပြောပါတယ် ) အဲဒီတော့ ၀က်ခြံတွင်း မိနေတယ်ဆိုတဲ့အကြောင်းဟာ ဒကာ ဒကာမတို့ သေချာတယ် .( သေချာပါတယ်ဘုရား ) ရှင်းကြပြီလား . ( ရှင်းပါပြီ ) ။
ပြုံးမယ်များကြံရင် စဉ်းစားပါဦး
            အဲဒီတော့ ပြုံးမယ်များကြံရင် စဉ်းစားပါအုံးဆိုတာကို ဆရာဘုန်းကြီးက သတိပေးလိုက်ပါတယ် . ( မှန်ပါ )။
            ဘယ်လို သတိပေးပါလိမ့် . ( ပြုံးမယ်ကြံရင် စဉ်းစားပါအုံး ) ပြုံးမယ်ကြံရင် ငါဟာ ခြံထဲတွင် ပြုံးတာလား၊ လွတ်လာလို့ ပြုံးတာလားဆိုတဲ့ အဓိပ္ပါယ်ကို ကြည့်ပြီး ပြုံးပါ ..( မှန်ပါ ) ကိုစောမောင် သဘော ပါရဲ့ လား. ( ပါပါတယ်ဘုရား ) ။
            အားလုံး ဒကာ - ဒကာမတွေ ၊ မေတ္တာရှေ့ ထားပြီး သေသေချာချာ သစ္စာသိအောင် ပြောနေတဲ့ အဓိပ္ပါယ်လို့ ရှင်းရှင်းလင်းလင်းမှတ်လိုက်စမ်းပါ ( မှန်ပါ ) ၊ သစ္စာမသိသေးတဲ့ ပုဂ္ဂိုလ်ကတော့ ဒကာ ဒကာမတို့ အပျော်ကြီးပျောနေတာပဲ ( မှန်ပါ )၊ သားနဲ့ပျော်လိုက်၊ သမီးနဲ့ပျော်လိုက်၊ ပစ္စည်းနဲ့ ပျော်လိုက်၊ စိုးရိမ်ကြောင့်ကြပြီးသကာလ နေလိုက်အမျိုးမျိုး အဖုံဖုံနဲ့မသေမယ့်ပုံဘဲ တစ်ခါတည်း မိပြီးသားကဖြင့် သားလဲမိပြီးသား၊ သမီးလဲမိပြီးသား၊ ပစ္စည်းလဲ မိပြီးသား၊ ၀က်ခြံပြင်ဘက်တော့မရောက်ပါဘူး၊ ရောက်သေးရဲ့ လား( မရောက်ပါဘူး )၊ ဈေးနေ့မကြုံသေးလို့ စိုးရိမ်ကြတယ်၊ ပူပင်ကြတယ်၊ ကြောင့်ကြကြ တယ် ပြောနေတာပါ ။
အသားတိုးလေလေ လှံချက်နီးလေလေ
            ဈေးနေ့ကြုံရင်တော့ဖြင့် မိရာအကောင်တော့ အသားတိုးလေလေ လှံချက်နီးလေလေလာမှာပါပဲ. ( လာမှာပါ ဘုရား ) မလာပေဘူးလား လာမလား( လာမှာပါဘုရား ) ။သဘောပါကြပြီလား( ပါပါပြီ ဘုရား ) ။
            အဲဒါလောက် ခင်ဗျားတို့ ကျုပ်တို့ရဲ့  အဖြစ်ကြီးကဖြင့် ဒီထက်ဆိုးစရာ မောင်နိုင် - ရှိသေးရဲ့ လား..( မရှိပါဘူးဘုရား ) ၊ပေါ်ကြပြီလား..( ပေါ်ပါပြီဘုရား ) ။
            ဒါသံဝေဂ ရရုံ ဟောတာလားဆိုတော့ သံဝေဂရရုံ မဟုတ်ပါဘူး၊ ဖြစ်စဉ်ပြောနေတာ ( မှန်ပါ ) ။
            ဦးဘတင် - သံဝေဂပြောတာလား၊ ဖြစ်စဉ်ပြောတာလား ( ဖြစ်စဉ်ပြောတာပါ ) သံဝေဂဆိုတာက ခင်ဗျားတို့လန့်အောင်၊ ထိတ်အောင်ပြောတာ ( မှန်ပါ ) အခုဟာက လန့်အောင်၊ ထိတ်အောင်ဆိုပြီး ချောက်တာ မဟုတ်ဘူး၊ တကယ်မိနေပြီဟေ့ မင်းတို့ သတိထားတော့ ပြောတာ ( မှန်ပါ ) ၊ ရိပ်မိပြီလား . ( ရိပ်မိပါပြီဘုရား )။
            တကယ်ဖြင့် ဘယ်နှယ့်တုံး..( မိနေပါပြီဘုရား ) မင်းတို့ သတိထားပေတော့၊ အချိန်ပိုင်းကျန်တော့ တယ်၊ ဒါကို ပြောတာပါ၊ ချောက်တာမဟုတ်ပါဘူး.. ( မှန်ပါ ) သဘောပါကြပြီလား ( ပါပါပြီဘုရား ) ။
ဒီတစ်လုံးကို မမေ့ကြပါနဲ့
            အဲဒါကြောင့် ဒကာ - ဒကာမတို့ ပြုံးမယ်ကြံရင် စဉ်းစားပါအုံးဆိုတဲ့ တစ်လုံးကို မမေ့ကြပါနဲ့ ..( မှန်ပါ ဘုရား ) ။
            ဘယ့်နှယ်များမှာပါလိမ့်.( ပြုံးမယ်ကြံရင် စဉ်းစားပါအုံး ) ဘာဖြစ်လို့တုံး..၀က်ပြုံး ပြုံးမှာစိုးလို့ ( မှန်ပါ ) ၊ ကိုစောမောင် ခုနင်က ပြောခဲ့တဲ့ ဟင်းနုနွယ်၊ ဖွဲနု စသည်နဲ့ ရောပြီး ကျိုချက်လာတဲ့ ၀က်စာကြီးကို ၀အောင်ကျွေးတာလား၊ ကိုစောမောင်၊ အသားတိုးအောင် ကျွေးတာလား ..( အသားတိုးအောင်ကျွေးတာပါ ) အသားတိုးရင် သတ်မယ်ဆိုတဲ့ ရည်ရွယ်ချက်ပါ - မပါ .. ( ပါ ပါတယ်ဘုရား ) အဲဒါနဲ့ ပြုံးနေတော့ အသားတိုးအောင်လို့ ကျွေးတာဟာ သဒ္ဓါလို့ ကျွေးတာလား ကိုစောမောင် ..( မဟုတ်ပါဘူးဘုရား ) သတ်မယ်လို့ ကျွေးတာမှတ်ပါ ၊ ဘာများငြင်းစရာပါသေးသတုံး..( မပါ - ပါဘူးဘုရား )၊ ပေါ်ကြပြီလား..( ပေါ်ပါပြီဘုရား ) ။
            ဒီမှာလဲ ဒကာ ဒကာမတို့ ခင်ဗျားတို့ ကျုပ်တို့၏ ဖြစ်စဉ်ကဖြင့် မလွတ်လပ်လိုက်တဲ့ဖြစ်ခြင်းဟာ အချိန်သာ လိုပါတော့လား၊ ဒီကျော့ကွင်း မပြတ်တော့ဘူး..ဘယ်မှပြေးစရာမရှိတော့ဘူး..( မှန်ပါ ) ကိုစောမောင်ရှိသေးသလား ( မရှိပါဘူး )၊ရှင်းပြီလား..( ရှင်းပါပြီဘုရား ) ။
            အဲဒီတော့ အလင်မရလို့ရှိရင်ဖြင့် ဘယ်နည်းနဲ့မှ ဆရာသမားများကသာ အကူအညီမပေးတော့ပါဘူး ဆိုရင် ဒီခြံထဲ သေပြီးသကာလဒီဝက်ထိုးသမား လက်အောက်မှာ အသက်ပျောက်၊ ဒိပြင်ဘာမှ မရှိဘူး( မှန်ပါ )၊ ရှိသေးရဲ့ လား. ( မရှိပါဘူး )၊ ကောင်းကောင်း သဘောပါကြရဲ့ လား( ပါ ပါတယ်ဘုရား ) ။
သေမည့်အရေးတော့ အရေးမထားဘူး
            အဲဒါကြောင့် ခင်ဗျားတို့က သားကိစ္စ၊သမီးကိစ္စ၊ ဆွေကိစ္စတွေ အရေးထားတယ်။ ကိုယ့်သေမယ့် အရေးတော့ အရေးမထားဘူးဆိုတော့ တယ်လည်းခက်ပါလား . . . (မှန်ပါ အရေးမထားဘူးဆိုတော့တယ် လည်း ခက်ပါလား . . . ( မှန်ပါ ဘုရား ) ၊ပြောထိုက် - မပြောထိုက် ကိုစံလှ ..( ပြောထိုက်ပါတယ်ဘုရား ) သားကလေး နေမကောင်းလို့၊ သမီးကလေး နေမကောင်းလို့၊ သူတို့ လူလားမမြောက်သေးလို့တဲ့၊ ကိုယ်က ဖြင့် ဈေးနေ့စောင့်နေတာ၊သူတို့ လူလားမြောက်တာ အရေးမကြီးဘူး၊ ကိုယ်လွတ်အောင် ရုန်းမယ်ဆိုတဲ့ အသွားကတော့ပါရဲ့ လာ . . . ( မပါပါဘူး ) ဒါလောက်ရူးတာ၊ အ, တာတွေဟာဖြင့် အတော်ခဲယဉ်းတဲ့ ပုဂ္ဂိုလ်တွေပဲလို့ မဆိုထိုက်ဘူးလား . . .( ဆိုထိုက်ပါတယ်ဘုရား ) မိနေတာတောင်မှ ကိုစောမောင် မိနေမှန်း မသိအောင်ကို သမင်မက ဒါလောက် ဖြားယောင်းတာ ကောင်းပါတယ် .( မှန်ပါ ) ။
            မိနေတာတောင် ဘယ့်နှယ်တုံး . . .( ဖြားယောင်းကောင်းပါတယ် ) မိနေတာတောင် ပျော်ပျော်ခံနေ လို့ ပြောလိုက်သေးတယ် . . . ( မှန်ပါ ) ။
ပျော်ပျော်နေသေခဲတယ်တဲ့
            ဒကာ - ဒကာမတို့ ၊ ဇရာ မရဏ မုဆိုးထောင်ထားတဲ့ ကျော့ကွင်းဟာ မိပြီးသားလား . . . မမိသေးဘူးလား . . .( မိပြီးသားပါဘုရား )၊ အဲဒီမိပြီးသားဟာဖြင့် လွတ်ရာလွတ်ကြောင်း ကြံဖို့အချိတောင် အ၀ိဇ္ဇာသမင်မ၏ စွမ်းရည်သတ္တိဟာ ဒီအပေါ်မှာ လွှမ်းမိုးနေတယ်၊ ပျော်ပျော်နေလိုက်စမ်းကွ ( မှန်ပါ )၊ ပျော်ပျော်နေသေခဲတဲ့ လာသေးတယ် . . . ( မှန်ပါ )၊ မလာဘူးလား . . . ( လာပါတယ် ) ။       
            ဒကာ - ဒကာမတို့ ဘယ်လောက်ထိအောင် ဆိုးဝါးတဲ့စကားလဲဆိုတာ တွေးကြည်မှ ဆိုးတယ်နော် ( မှန်ပါ ) ၊ရှင်းကြပြီလား ( ရှင်းပါပြီဘုရား ) ။
            အဲဒါ အားလုံး ဒကာ ဒကာမတွေ မိဘဆွေမျိုးဥာတကာ မတော်ဖူးသူ မည်သည်မရှိနိုင် သလောက်မို့ သေသေချာချာ ပြောနေပါတယ်လို့ မှတ်ပါ ( မှန်ပါ ) သံဝေဂလား၊ ဖြစ်စဉ်ကိုက်လား( ဖြစ်စဉ်ကိုက်ပါ တယ်ဘုရား )၊ ရှင်းပြီလား. .. ( ရှင်းပါပြီ ဘုရား ) ။
အခုဘယ်အထဲရောက်နေကြသတုံး
            သြော်.. အခုဘယ်ထဲ ရောက်နေကြသတုံးဆိုတော့ ကျော့ကွင်းထဲမိပြီးသားဖြစ်ပြီလား..( ဖြစ်ပါပြီ ဘုရား ) ၊ ဒါဖြင့် ရုန်းလို့ကန်လို့ကော လွတ်သေးရဲ့ လား..(မလွတ်ပါဘူးဘုရား) အင်မတန်ကြီးတဲ့ ကြိုးနော် ( မှန်ပါ ) ၊ ပုညာဘိသင်္ခါရ ကုသိုလ်ကြိုးဆိုတာ ကိုစောမောင် သေလို့မဆုံးအောင်ကို ချည်ထားတာ ( မှန်ပါ ) ၊ အပုညာဘိသင်္ခါရ ကလည်း မပြေးနိုင်အောင်ကို မြဲထားတာပဲ.( မှန်ပါ ) ၊ မမြဲဘူးလား မောင်နိုင် . ( မြဲပါတယ်ဘုရား ) ။
            ဒါဖြင့် ခုနင်က မုဆိုးတည်းဟူသော သေမင်းက ဇရာ၊ မရဏ ၊ သေမင်းကဖြင့် ဒကာ ဒကာမတို့ အရှာခက်သလား၊ အသာကလေး ယူရုံဖမ်းရုံပဲလား..( အသာကလေးယူရုံဖမ်းရုံပါဘုရား )၊ အသာယူရုံ ဖမ်းရုံ ပဲဆိုတာ နောက်က ဒကာ ဒကာမတွေ ရိပ်မိပြီလား..( ရိပ်မိပါပြီဘုရား )။
            ဒါကြောင့် ခင်ဗျားတို့ သေတဲ့အခါများ သွားကြည့်ကြပါ၊ အိမ်ပေါ်မှာ ဖျားတယ်ဆိုရင်ဖြင့် ဒကာ ဒကာမတို ဒိအိမ်ဟာ ဖျားတတ်တဲ့အိမ်၊ သေမယ့်အိမ်၊ ကျုပ်ပြေးပါတော့မယ်လို့ ဆိုရသလား၊ ဒီအိမ်ပေါ်ကပဲ ထမ်းပစ်လိုက်ရသလားဆိုတာ အကဲခတ်ပါ .. ( ဒီအိမ်ပေါ်က ထမ်းပစ်လိုက်ရပါတယ် ဘုရား ) ကိုစောမောင် ဘယ်ပြေးနိုင်သေးသတုံး ( မပြေးနိုင်ပါဘူး ) ပုညာဘိသင်္ခါရနဲ့ အပုညာဘိသင်္ခါရ ကျော့ကွင်းဘယ်လောက် ဆိုးတယ်ဆိုတာ ပေါ်ပြီလား..( ပေါ်ပါပြီဘုရား ) ရှင်းကြပြီနော်.( ရှင်းပါပြီဘုရား ) ။
ဇရာ မရဏ မုဆိုး
            ဒါဟာ အလင်းမရသေးသရွေ့ ကာလပတ်လုံး ဒီသမင်မက ဖြားယောင်း၊ ဒီကျော့ကွင်းနှစ်ခုဆီ တွန်းပြီး ဇရာ မရဏ မဆိုးက အသက်သတ်( မှန်ပါ့ ) ဒါဟာ နောက်ကလည်း ဒီအတိုင်း၊ ရှေ့ ကလည်း အလင်းမရသေးရင် ဒီအတိုင်းသွားမှာပဲ ( မှန်ပါ )၊ မသွားပေဘူးလား သွားမလား..( သွားမှာပါဘုရား ) ရှင်းကြပြီလား ( ရှင်းပါပြီဘုရား ) ။
            တပည့်တော်တို့ ဘယ်တော့များ ဘုရား - ကံကောင်းအကြောင်းသင့်ပါမလဲဆိုတော့ အို ဒီကံတွေ၊ ကံကောင်း အကြောင်းသင့်ကို ထည့်မနေစမ်းနဲ့၊ ဥာဏ်ကောင်းအကြောင်းသင့်ဆိုရင်ဖြင့် လွတ်ပေါက်ရှိ တယ် ( မှန်ပါ ) ကံကောင်း အကြောင်းသင့်ဆိုတာတော့( လွတ်ပေါက်မရှိဘူး ) ။
ဥာဏ်ကောင်းရင် လွတ်မယ်
            ကဲ - ဒါဖြင့် ဥာဏ်ကောင်းရင် လွတ်မယ် ..( မှန်ပါ ) ၊ ကံကောင်းရင် မိနေမယ်ဆိုတဲ့ အဓိပ္ပါယ်ကော ( ရှင်းပါပြီဘုရား ) ။
            သေသေချာချာ ပြောပါပြီ ဒကာ - ဒကာမတို့၊ ဒါ အငဲ့အကွက်မပါဘူး၊ သေသေချာချာပြောတဲ့ သစ္စာမို့ အမှန်ပြောနေရတယ်ဆိုတာ မှတ်လိုက်ပါ ( မှန်ပါ ) သဘောပါကြပြီလား ( ပါပါပြီဘုရား ) ။
            ကဲ ဒါဖြင့် ဒါက ဒီဟာ အမှောင်တွေပြနေတယ်ဆိုတာကော ရိပ်မိပြီလား( ရိပ်မိပါပြီ ) ။
အမှောင်ငါးစင်း
            ဒါဖြင့် ဒကာ - ဒကာမတို့ မနေ့က တရားပဲ ပြန်ပြီးသကာလ မှတ်ကြပါ၊ အမှောင်ကငါးစင်းလို့ မနေ့က မပြောဘူးလား( ပြောပါတယ် ) ၊ အမှောင်ဒီက ၁။ အ၀ိဇ္ဇာ၊ ၂။ အ၀ိဇ္ဇာ၊ ၃။ အ၀ိဇ္ဇာ၊ ၄။ အ၀ိဇ္ဇာ၊ ၅။ အ၀ိဇ္ဇာ ၊ အမှောင်ငါးစင်းတဲ့( မှန်ပါ )။
            အ၀ိဇ္ဇာ ဘယ်နှချက်ပါလိမ့် . ( ငါးချက်ပါဘုရား )။ ဒကာ ဒကာမတို့ အ၀ိဇ္ဇာတစ်မျိုးတည်း မှတ်နေတယ်၊ ကိုစောမောင်တို့က.. ( မှန်ပါ့ ) ဘယ်နှစ်မျိုးပါလိမ့်.. ( ငါးမျိုးပါဘုရား ) ၁၊ နံပါတ်ဆိုတဲ့ အ၀ိဇ္ဇာ အမှောင်ဓာတ်၊ ဒကာ ဒကာမတို့ ကံ ကံ၏ အကျိုးတောင် မယုံကြည်နိုင်တဲ့ ကံ ကံ၏ အကျိုးတောင် မသိအောင် ဥာဏ်ကိုဖုံးထားတယ် ( မှန်ပါ )၊ ရှင်းပြီလား..( ရှင်းပါပြီ ) ။
အ၀ိဇ္ဇာငါးမျိုးဖုံးထားတယ်
            ၁ - နံပါတ် အ၀ိဇ္ဇာက ( ကမ္မဿကတဥာဏ်ကို ဖုံးထားပါတယ်ဘုရား ) ။
            ၂ - နံပါတ် အ၀ိဇ္ဇာက ဒကာ - ဒကာမတို့ နာမ်နဲ့ ရုပ်ကို မသိအောင် နာမရူပ ပရိစ္ဆေဒဥာဏ်ကို ဖုံးထားတယ် . . . ( မှန်ပါ ) ။
            ၃ - နံပါတ် အ၀ိဇ္ဇာက ဒကာ - ဒကာမတို့၊ ခင်ဗျားတို့ ကျုပ်တို့ နေ့တိုင်း သင်နေတဲ့ ပဋိစ္စသမုပ္ပါဒ် အကြောင်းအကျိုးသိမယ့် ဥာဏ်ကို ဖုံးထားတယ် . . . ( မှန်ပါ့ ) ။
            ပဋိစ္စသမုပ္ပါဒ်အကြောင်းအကျိုး မသိအောင်ဖုံးထားတဲ့ ဥာဏ်ဟာ ၃ - နံပါတ် အ၀ိဇ္ဇာလို့ မှတ်လိုက် စမ်းပါ . . . ( မှန်ပါ )၊ ပဋိစ္စသမုပ္ပါဒ် သိမှုဥာဏ်ကို ဖုံးထားတယ်.( မှန်ပါ ) ။
            ခန္ဓာကြီးဟာ ပဋိစ္စသမုပ္ပါဒ်လို့ ခဏခဏပြောင်းလဲနေတာကော ပြန်ပြီး နှလုံးသွင်းဖြစ်သေးရဲ့ လား. ( မသွင်းဖြစ်ပါဘူ ) အဲဒါ ဘယ်နံပါတ် - အ၀ိဇ္ဇာသတ္တိပါလိမ့် ( ၃ - နံပါတ် အ၀ိဇ္ဇာ သတ္တိပါ ) ရှင်းပြီလား  ( ရှင်းပါပြီဘုရား ) ။
            ၄ - နံပါတ် အ၀ိဇ္ဇာက ခန္ဓာထဲမှာ ဖြစ်လိုက် ပျက်လိုက်၊ ဖြစ်လိုက်ပျက်လိုက် အနိစ္စကလေးတွေဟာ ရှိပါလျက်သားနဲ့ အနိစ္စကို ရှာမတွေ့ အောင် ဖုံးထားတဲ့ အ၀ိဇ္ဇာက ရှိသေးတယ် ( ရှိပါတယ်ဘုရား )၊ ၄ - နံပါတ် အ၀ိဇ္ဇာက လက္ခဏာရေးသုံးပါး ဖုံးထားတယ် .( မှန်ပါ့ဘုရား ) ရိပ်မိကြပြီလား.( ရိပ်မိပါပြီဘုရား )။
            ၄ - နံပါတ် အ၀ိဇ္ဇာက ဘာဖုံးထားသတုံး ( လက္ခဏာရေးသုံးပါး ဖုံးထားပါတယ် ) ၊ ဒကာ ဒကာမ တွေ နားလည်နေတာနဲ့ ပြောကြပါစို့ ဆိုတော့ ဖြစ်ပျက်မသိအောင် ဖုံးထားတယ်..( မှန်ပါ ) ဒါကြောင့် တချို့  ဖြစ်ပျက် ရှာမတွေ့ဘူး..( မှန်ပါ ) ။
            ဘာတဲ့တုံး ဒကာ ဒကာမတို့  ( ဖြစ်ပျက်ရှာမတွေ့ ပါဘူး ) အနိစ္စ၀တသင်္ခါရာ ဆိုတဲ့ ဥစ္စာ ဘယ်သူ့ မှာများ လွတ်သတုံး ကိုစောမောင် ( မလွတ်ပါဘူး ဘုရား ) အဲ ရှာမတွေ့ ဘူးတဲ့.. ( မှန်ပါ ) ဖြစ်တာနဲ့ ပျက်တာ ရှာမတွေ့ ဘူး၊ ကျုပ်ဒီနေ့ ဘာဖြစ်တယ် မသိဘူးတဲ့၊ မလာဘူးလား..( လာပါတယ် ) ဘာမှ မဖြစ်တာ မဟုတ်ဘူး၊ ၄ - နံပါတ် အ၀ိဇ္ဇာဖုံးနေတယ်..( မှန်ပါ ) ရိပ်မိပြီလား..( ရိပ်မိပါပြီဘုရား ) ။
            ကဲ - ဒီအထဲ တရားပွဲထဲမှာ ဒကာ - ဒကာမတွေ ဖြစ်ပျက်မှ မတွေ့ သေးရင် ၄ - နံပါတ် အ၀ိဇ္ဇာဖုံးထားတယ်ဆိုတာ သေချာလား( သေချာပါပြီ ) ။
၅ - နံပါတ် အ၀ိဇ္ဇာ
            ဖြစ်ပျက်အဆုံးဟာ နိဗ္ဗာန်လို့ ဆရာဘုန်းကြီးက မဟောဘူးလား..( ဟောပါတယ် ) အဲဒီဖြစ်ပျက် အဆုံးဖြစ်တဲ့ နိဗ္ဗာန်ကို မတွေ့ သေးလို့ရှိရင်လည်း ၅ - နံပါတ်အ၀ိဇ္ဇာက ဖုံးတယ် ..( မှန်ပါ ) ။
            ကိုင်း ဒကာ - ဒကာမတို့ ၊ အ၀ိဇ္ဇာ ဘယ်နှစ်ချက်ပါလိမ့်. ( ငါးချက်ပါဘုရား ) ။
အလင်းငါးချက်ကို အုပ်နေတယ်
            ဒါဖြင့် အလင်းငါးချက်ကို အမှောင်ငါးချက်က အုပ်နေတယ်ဆိုတာ သေချာပြီလား ..( သေချာပါပြီ ဘုရား ) ။
            ဒါ အကျယ်မဟောသေးပါဘူး၊ ဒကာ - ဒကာတွေ မှတ်မိရုံကလေးနဲ့ ခေါင်းစဉ်ပြတာပါ( မှန်ပါ )၊ သဘောပါကြပြီလား( ပါပါပြီ )ဒါ ဘယ်မှာလာသတုံး မေးတော့ သုက္ကနိပါတ်ပါဠိတော် မှာလဲလာတယ် ၊ ပဋိသမ္ဘိဒါမဂ်ပါဠိတော် မှာလဲလာတယ်..( မှန်ပါ )၊သဘောကျပြီလား( ကျပါပြီ ဘုရား ) ။
            သို့သော ဒကာ - ဒကာမတွေ အနေနဲ့ ဒီလိုစစ်စစ် မြစ်မြစ်ကြားဖူးဖို့၊ စစ်စစ်မြစ်မြစ်ခွာတတ်ဖို့ ရှားပါ လိမ့်မယ်နော်.. ( မှန်ပါ ) အင်မတန်မှ ခဲယဉ်းပါတယ်ဆိုတဲ့ အဓိပ္ပါယ်လည်း တွေးကြည့်မှ သိပါလိမ့်မယ် ..( မှန်ပါ ) ။
            ဦးပြန့်တို့ သေသေချာချာနားထောင်ကြပါ၊ ဒီဥစ္စာတစ်နေ့ကို တစ်ထပ်တစ်ထပ်ခွာမှ သင့်ရုံကလေးရှိ တယ်နော် ..( မှန်ပါ ) ။
၁။ ကံ ကံ၏အကျိုးသိတဲ့ဥာဏ်
            ဒါနဲ့ မနေ့က ဒကာ - ဒကာမတွေကို ခွာပေးလိုက်တယ်၊ ကံ ကံ၏ အကျိုးကို သိတတ်တဲ့ ဥာဏ်ကလေးကို တောင်မှ ဖုံးထားတဲ့ ဥစ္စာလည်း ၁ - နံပါတ်က အ၀ိဇ္ဇာ ကိုစောမောင် ရှိမရှိ..( ရှိပါတယ် ဘုရား ) ။
            ကဲ - ကြည့်လိုက်စမ်းပါ - မိစ္ဆာဒိဋ္ဌိတွေကျတော့ ကံ၏ အကျိုးကို ယုံကြည်သလား၊ သူတို့ကို ဖန်ဆင်း ထားတဲ့ တန်ခိုးရှင်ကို ယုံကြည်နေသလား..( သူတို့ ဖန်ဆင်းထားတဲ့ တန်ခိုးရှင်ကို ယုံကြည်နေကြပါတယ် ) ကံ ကံ၏ အကျိုးကြောင့် ဖြစ်တယ်ဆိုတာ ပါသေးရဲ့ လာ( မပါပါဘူး ) အဲဒီတော့ သိတဲ့ဥာဏ်ကလေး ဘယ့်နှယ်နေသတုံး.( ဖုံးထားပါတယ်ဘုရား ) ။
            ကိုင်း - ဒါဖြင့် အဲဒီသိထားတဲ့ ဥာဏ်ကလေးတောင် ဖုံးထားတဲ့ လူဦးရေနဲ့ မဖုံးတဲ့လူဦးရေ ဘယ်ဟာ က များမတုံး ( ဖုံးထားတာက များပါတယ် ) ၊ တိရစ္ဆာန်တွေတော့ ထည့်မနေပါနဲ့တော့ ကိုစောမောင် - တိရစ္ဆာန်ဆိုတာကတော့ အ၀ိဇ္ဇာတုံးကြီး ဖြစ်နေလို့ အထူးထည့်ပြောဖို့ မလိုပါဘူး..(မှန်ပါ) ။
            လူရယ်လို့ ဖြစ်လာတာတောင်မှ လူဦးရေ နည်းနည်းလောက်ပဲ ဒါကလေးတွေ ခွာနိုင်တာက ( မှန်ပါ ) ဒါကို ဖုံးထားတဲ့ လူဦးရေက ကိုစောမောင်များတယ် ..( မှန်ပါဘုရား ) ။ အင်မတန် မများဘူးလား . ( များပါတယ် ) ။
မှောင်ထဲမွေး၊ မှောင်ထဲနေ၊ မှောင်ထဲသေ
            အဲဒါတွေ ကြည့်လိုက်တော့ သြော်.. ၁ - နံပါတ်အ၀ိဇ္ဇာတောင် မကွာလို့ရှိရင်ဖြင့် မှောင်ထဲမွေး၊ မှောင်ထဲနေ၊ မှောင်ထဲသေ ဆိုတဲ့ မနေ့က ပြောတဲ့စကား မလွဲပါဘူး ( မလွဲပါဘူးဘုရား ) လွဲသလား..( မလွဲပါဘူးဘုရား ) ။
            မှောင်ထဲပဲ မွေးတယ်၊ မှောင်ထဲပဲသေတယ် ..( မှန်ပါ ) ၊ သဘောကျပြီလား ..( ကျပါပြီ ) ၊ သွားကြည့်ပါ ကိုစောမောင်တို့ ၊ တစ်ခါတလေလည်း ရောက်ဖူးပါလိမ့်မယ် - တောထဲတောင်ထဲမှာ တောတွင်းသား မယဉ်ကျေးသတဲ့ လူအမျိုးမျိုး မရှိပေဘူးလား..( ရှိပါတယ်ဘုရား ) ၊ ဓားတစ်ချောင်း၊ လှံတစ် ချောင်း၊ ဒူးလေးတစ်ချောင်း စသည်ချိတ်ပြီးသကာလ တိရစ္ဆာန်တွေ သတ်ဖြတ်စားသောက်နေတဲ့ ပုဂ္ဂိုလ်တွေ ပရိယေသနကလည်း ခပ်ကျပ်ကျပ်နဲ့ဆိုတော့ ကိုစောမောင် ဘယ်လိုဆိုမတုံး..( မှောင်ထဲမွေး၊ မှောင်ထဲနေ၊ မှောင်ထဲသေပါဘုရား )၊ အားလုံး ဒကာ - ဒကာမတွေ ပေါ်ပြီလား..( ပေါ်ပါပြီ )၊ အဲဒါတွေကျတော့ ဒီပထမအထပ်ကို ကွာနိုင်ရဲ့ လား..( မကွာနိုင်ပါဘူးဘုရား ) ။
            ဒါဖြင့် ဒီဘ၀လည်း မကွာ၊ နောက်လည်း ..( မကွာပါဘူး ) နောက်ထပ်ဖြစ်တော့လည်း မှောင်ထဲပဲ မွေးအုံးမှာပဲ..( မှန်ပါ ) နေတော့ကော..( မှောင်ထဲပဲ နေမှာပါဘုရား ) နောက်သေတော့ကော( မှောင်ထဲပဲ သေမှာပါဘုရား ) သေတော့လည်း အလင်းရမလား(မရသေးပါဘူး ဘုရား) ကဲ ဒီထက်ကိုယ်ကျိုးနည်းများ ဒကာ ဒကာမတွေ ရှိသေးရဲ့ လား..( မရှိပါဘုရား ) ။
ဒီတစ်ခါ ခင်ဗျားတို့ လင်းရင်လင်းကြပါတော့ ၊ ဒီတစ်ခါမှ မလင်းတော့ဘူးဆိုရင်ဖြင့် ဘယ်သူမှ ကယ်နိုင်လိမ့်မယ်လို့တော့ မယူပါနဲ့ ..( မှန်ပါ ) ။
ငါးတွေဟာ ရေထဲမွေးပြီး ရေထဲသေ
ငါးတွေဟာ ဒကာ - ဒကာမတို့ ၊ မွေးတော့ ဘယ်မှာမွေးသတုံး၊ ရေထဲပဲ မွေးတယ် ( မှန်ပါ ) နေတော့ ..( ရေထဲပဲနေပါတယ် ) ၊ သေတော့ကော ( ရေထဲပဲ သေပါတယ် )၊ ဘာနဲ့များ တွေ့သွားသတုံး မေးလို့ရှိရင် ဘယ်ဘုရား ၊ ဘယ်ရဟန္တာ၊ ဘယ်ဒါန၊ ဘယ်သီလနဲ့များ တွေ့ သွားသေးသတုံး( မတွေ့ ပါဘူး ဘုရား ) တောတွင်း တိရစ္ဆာန်တွေကော ဒကာ ဒကာမတို့၊ ဘယ်ဒါန ဘယ်သီလနဲ့ တွေ့ သွားသေးသတုံး.. ( မတွေ့ ပါဘူးဘုရား ) ကမ္မဿကတဥာဏ်ကလေးတောင် တွေ့ မသွားဘူး..( မှန်ပါ ) ။
ကိုစောမောင် ဘယ့်နှယ်ဆိုပါမလဲ သူ့အတွက် ( ကမ္မဿကတဥာဏ်ကလေးတောင် တွေ့ မသွား ပါဘူးဘုရား ) ၊ မတွေ့ တော့သူ့အတွက်က မှောင်ထဲမွေး၊ မှောင်ထဲနေ၊ မှောင်ထဲသေ( မှန်ပါ့ ဘုရား )။ ရိပ်မိကြပြီလား( ရိပ်မိပါပြီဘုရား ) ။
ထိုးထိုးထွင်းထွင်းသိတဲ့ ပုဂ္ဂိုလ်နဲ့တွေ့ လို့
            အဲဒါ ခင်ဗျားတို့ မသေသေးတဲ့ ပုဂ္ဂိုလ်များသည်ဆရာသမားကောင်းများနဲ့၊ ကရုဏာမေတ္တာရှေ့ ထား တဲ့ ပုဂ္ဂိုလ်နဲ့၊ ထိုးထိုးထွင်းထွင်းသိတဲ့ ပုဂ္ဂိုလ်နဲ့လာပြီး သကာလတွေ့ လို့ ကိုစောမောင် ပထမအလင်းရတယ် ..( မှန်ပါ )၊သဘောကျပြီလား(ကျပါပြီ ) ၊ သို့သော် အမှောင်က ဘယ်နှစ်ချက်ကျန်သေးသတုံး ( လေး ချက်ကျန်ပါသေးတယ် ) လေးချက်ကျန်တော့ အဲဒီလေးချက်ဟာ နိဗ္ဗာန်တို့ မဂ်ဥာဏ်တို့ အုပ်နေတာ ကိုစံလှ . ( မှန်ပါဘုရား ) ရှင်းပြီလား..( ရှင်းပါပြီ ) ကျန်တဲ့ အချက်တွေကို အုပ်နေတယ်ဆိုတာ သဘောပါကြပြီ လား( ပါပါပြီ ) ။
ကမ္မဿကတဥာဏ်ဆိုတာ
            ဒါဖြင့် အခုတရားနာလာကြတဲ့ ဒကာ ဒကာမတွေ ကမ္မဿတဥာဏ်ဆိုတာက ကံ ကံ၏အကျိုးကို ယုံကြည်တာ ( မှန်ပါ ) သားကလေး ဘာကလေး ရှင်ပြုကြ၊ ဆွမ်းကလေးဘာလေးလဲ မကြာ မကြာ ကျွေး ကြလှူကြစသည်နဲ့ ကိုစောမောင် ကမ္မဿတဥာဏ်ကလေးတွေ လုပ်ကြတာပဲ ..( မှန်ပါ ) ၀ါတွင်း ၀ါပ၌ပင် ထိုက်တန်တဲ့ ဥပုသ်ကလေး ဘာလေးစောင့်ကြတယ်၊ အသက်ရှည်တာ သီလကျေးဇူးပေါ့ကွ၊ နောက်ဘ၀ တွေအသက်ရှည်ချင်လဲ ဒီသီလပဲ အားကိုးရာရှိတယ်ဆိုတာ ခန္ဓာပဲ ပြန့်လှည့်လိုက်တယ်..( မှန်ပါ )။
နောက်ဘ၀ဆိုတော့ ခန္ဓာပဲပြန်လှည့်တယ်
            နောက်ဘ၀ဆိုတော့ ဘာလှည့်လိုက်သတုံး( ခန္ဓာပဲ ပြန်လှည့်လိုက်ပါတယ် ) ၊ ခန္ဓာပြန်လှည့် လိုက်တယ်ဆိုတော့ ပုညာဘ သင်္ခါရသတ္တိဟာ လွတ်ကို မလွတ်ဘူး၊ ကျော့ကွင်းထဲမှာ မိနေတာပဲ ( မှန်ပါ ) ၊မမိဘူးလား..( မိပါတယ်ဘုရား ) ။
            အဲဒီတော့ နောက်ဘ၀ပါနေကတည်းကိုက ဒကာ ဒကာမတို့ အ၀ိဇ္ဇာ၏ စွမ်းရည်သတ္တိကို မကုန်သေးဘူးဆိုတာ မှတ်ကြပါ ( မှန်ပါ )၊ သဘောကျပြီလား..(ကျပါပြီ)၊ ကျန်တဲ့လေးခုသော အ၀ိဇ္ဇာတို့ ၏ အုပ်ချုပ်ရေးလွတ်ပြီလား..( မလွတ်ပါဘူး ) အဲဒါကြောင့် သူဟာ နောက်ဘ၀တွေ နောက်ဘ၀တွေပြေးနေ တာ. ( မှန်ပါ ) ကိုစောမောင် ရှင်းပြီလား ( ရှင်းပါပြီ ) ။
ဖြည်းဖြည်းဆေးဆေးဟောမှရမယ်
            အဲဒါ ဒကာ ဒကာမတို့ လေးလေးစားစားနားထောင် ပြီးသကာလ ဖြည်းဖြည်းဆေးဆေးဟောမှ ဒကာ ဒကာမတွေရမယ်နော်..( မှန်ပါ ) ဒါကို သွက်သွက်ကြီးဟောသွားလို့ရှိရင် ဒါက ဒါဖုံးတယ်၊ ဒါက ဒါဖုံး တယ်ဆိုရင် မောင်နိုင် မှတ်မိမှာ မဟုတ်တော့ဘူး.( မှန်ပါ ) ၊ သိပါ့မလား..( မသိပါဘူး ဘုရား ) မသိပါဘူး၊ ပြီးတော့ အလုပ်ကလည်း ဒီထဲမှာပါရအုံးမှာ ( မှန်ပါ ) ။
            အလုပ်ကလည်း အလုပ်လုပ်ပြီးထည့်ရမှာ ကိုစောမောင် ( မှန်ပါ ) အလုပ်စခန်းက အများကြီးပါပြီး သကာလနေတော့တယ်၊ ဒကာ ဒကာမတွေ ဖြည်းဖြည်းဆေးဆေး ၅- ရက် ၊ ၆ - ရက်ဆိုသလို ဟောမှ ဒီဥစ္စာ ကရှင်းမယ်..( မှန်ပါ ) နို့မဟုတ်လို့ရှိရင် မောင်နိုင် - ရှင်းပါ့မလား ( မရှင်းပါဘူး )။
            အေး- ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ပြောရတယ်၊ တစ်ရက်တည်း မှန်ပြီး မလာနဲ့နော် - ဒီဥစ္စာခင်ထားကတည်းက မဂ်ဥာဏ်ဆိုက်အောင် ပြောရမှာ၊ နိဗ္ဗာန်ဆိုက် အလုပ်လုပ်စဉ်နဲ့တကွ ပြောရမှာ ဖြစ်နေတော့ ဖြုန်းခနဲနိဗ္ဗာန်ဆိုက်အောင် ပြောလိုက်ပါတော့လား၊ ဘာဖြစ်လို့ ဆွဲနေသလဲလို့ ကိုစောမောင် မေးချင်မေးလိမ့်မယ် .. ( မှန်ပါ ) ။ ခင်ဗျား တို့ကြွေးတွေက တွန်းလို့ ပွတ်လို့ မကုန်လို့ ပြောနေတာ.. ( မှန်ပါ ) ရိပ်မိပြီလား..( ရိပ်မိပါပြီ ) ။
            ကြေးက ထူလိုက်တာက ဘ၀အဆက်ဆက်က ကပ်လာတာ ဘယ်အခါကာလမှ ဆပ်ပြာနဲ့ ရေမချိုး ဖူးတဲ့ ကြေးတွေပဲ မဟုတ်ဘူးလား( ဟုတ်ပါတယ်ဘုရား ) ။
တောဒယျပုဏ္ဏား
            ကိုင်း - ဒါဖြင့် သေသေချာချာ နားထောင်ကြပါ၊ ကမ္မဿကတဥာဏ်မှ မယုံနိုင်လို့ ဘုရားလက်ထက် က တုဒိရွာမှာ တောဒယျပုဏ္ဏားဆိုတာ မရှိလား( ရှိပါတယ် ) ၊ ပေးကမ်းရင် ပစ္စည်းကုန်တယ်၊ ပျားလို စုရင် ပစ္စည်းပွားတယ်၊ ကိုစောမောင် ဒီလိုယူကြတာ သူတို့က ..( မှန်ပါ )၊ မျက်စဉ်းတောင် ပုလင်းထဲထည့်ပြီး မျက်စဉ်းတံကလေးနဲ့ တို့ရင် ကုန်သေးတယ်၊ ပျားလိုစုထားရင် ဘယ်လောက်ကောင်းမလဲ၊ ဒါကြောင့် တို့ တော့ မပေးပါဘူး ၊ မလှူပါဘူးဆိုတော့ သူ့မှာ ကမ္မဿကတဥာဏ်တောင်မရှိဘူး.( မှန်ပါ ) ။
            တောဒယျပုဏ္ဏားမှာ ဒီဥာဏ်တွေရှိရဲ့ လား ( မရှိပါဘူး ) ဘယ်နှစ်ချက်အုပ်နေသတုံး ..( ငါးချက် တောင် အုပ်ပါတယ် ) ငါးချက်တောင် လုံခြုံနေအောင် အုပ်တယ်ဆိုတာကော ရှင်းကြပါဦး ..( ရှင်းပါပြီ ) ။
သူ့သားအိမ်မှာခွေးဖြစ်တယ်
            အဲဒါနဲ့ သေသွားတဲ့အခါကျတော့ သူ့သားရဲ့ အိမ်မှာပဲခွေးဖြစ်တယ်ဆိုတာလည်း အထင်အရှားမ ဟုတ်လား ..( ထင်ရှားပါတယ်ဘုရား ) ၊ ဘယ့်နှယ်ကြောင့် ခွေးဖြစ်ပါလိမ့်မတုံးမေးတော့ အပုညာဘိသင်္ခါရ ကြောင့်ပေါ့ ကိုစောမောင် ..( မှန်ပါ့ ) အပုညာဘိသင်္ခါရကို ဘယ်သူက အုပ်ချုပ်နေသတုံးဆိုတော့ အ၀ိဇ္ဇာက အုပ်ချုပ်နေတယ်( မှန်ပါ ) သဘောကျပြီလား ( ကျပါပြီ ) အ၀ိဇ္ဇာက သိကောင်းတာတော့ မသိဘူး ဆိုပါတော့ ၊ မသိကောင်းတာကို သူသိနေတယ် ( မှန်ပါ ) ၊ ကုန်မှတော့ သူသိတယ် ၊ ရမှာတော့ သူမသိ ဘူး..( မှန်ပါ ) ။
သူ့သား၊ သုဘလုလင်
            ပစ္စည်းကုန်မှာတော့..( သိပါတယ် ) နောက်ဘ၀ကောင်းကျိုးရမှာ၊ နိဗ္ဗာန်တိုင်အောင် ရမှာတော့ ..( မသိပါဘူးဘုရား ) အဲဒါကြောင့် တောဒယျဟာ ပေးကမ်းလှူဒါန်းလုပ်သေးရဲ့ လား..( မလုပ်ပါဘူးဘုရား. ) မလုပ်တော့ သူ့သားသုဘဆိုတဲ့ လုလင်အိမ်မှာ သူသေတော့ ခွေးသွားဖြစ်တယ်ဆိုတာ မထင်ရှားဘူးလား . ( ထင်ရှားပါတယ်ဘုရား ) ။
            ဒကာ ဒကာမတို့ သဘောပါပြီလား( ပါပါပြီ )၊ ဒါ ဘယ်ဥာဏ်ကိုတောင်မှ အုပ်ချုပ်ထားတယ်ဆို တာကော ပေါ်ပြီလား . ( ပေါ်ပါပြီ ) ကမ္မဿကတဥာဏ်ကိုတောင်မှ လင်းခွင့်ပွင့်ခွင့် ကိုစောမောင် ပေးသေးရဲ့ လား..( မပေးပါဘူး ) ၁ - နံပါတ်အ၀ိဇ္ဇာက အုပ်ထားလိုက်တယ်..( မှန်ပါ ) ၂ - နံပါတ်၊ ၃ - နံပါတ်၊ ၄ - နံပါတ်၊ ၅ - နံပါတ် တို့တော့ ပြောဖို့ရာမရှိပေါ့ဗျာ အုပ်မြဲပေါ့ .( မှန်ပါ ) သဘောကျပြီလား..( ကျပါပြီ ) ။
            ကိုင်း - ကမ္မဿကတဥာဏ်ကလေးတောင် နတ်ရွာသုဂတိ ရောက်ဖို့ရာကလေးတောင် နိဗ္ဗာန်ဆို တာ အသာထားစမ်းပါအုံး ကိုစောမောင် .. အဲဒီဥာဏ်ကလေးတောင် မပွင်းဘူး .. အုပ်ထားတယ်..( မှန်ပါ ) ၊ အ၀ိဇ္ဇာပစ္စယော အပုညာဘိသင်္ခါရ သူရှိတယ် ..( မှန်ပါ ) ၊ သဘောကျပြီလား .. ( ကျပါပြီ ) ။
            ကိုး ဒကာ ဒကာမတို့၊ အ၀ိဇ္ဇာကြောင့် အကုသိုလ်ဖြစ်ရတယ်ဆိုတာ နှမြောတဲ့အကုသိုလ်တွေ မလာဘူးလား ( လာပါတယ်ဘုရား ) .. ရှင်းပြီလား.( ရှင်းပါပြီ ) ။
ဘုရားကို ခွေးကဟောင်တယ်
            ဘုရားက ဆွမ်းခံသွားတော့ အဲဒီခွေးက မဟောင်ဘူးလား.( ဟောင်ပါတယ် )၊ဘုရားကတော့ ဟေ့ - တောဒေယျ မင်းဟာ ကမ္မဿကတဥာဏ်လောက်မှ မရှိခဲ့တဲ့ ဆွမ်းတစ်ဇွန်းတစ်ယောက်မှတောင် မလှူ မတန်းဘဲ သေသွားလို့ ခွေးဖြစ်နေတာ အခု ငါဘုရားကို နောက်ထပ် အမိုက်ဓာတ်နဲ့ ပြစ်မှားပြန်ပြီလားလို့ မေးလိုက်တယ်( မှန်ပါ ) တောဒေယျက ဖြစ်လာတဲ့ ခွေးနဲ့စကားပြောရတယ် ( မှန်ပါ ) ။
            ဘုရားက အင်မတန်မြင့်မြတ်တဲ့ ပုဂ္ဂိုလ်ကြီး ခွေးကလေးနဲ့ ဘာဖြစ်လို့ စကားပြောပါလိမ့်မတုံးဆို တော့ တောဒေယျရဲ့ သားကလေး ကျွတ်တမ်းဝင်ပါစေတော့လို့ ( မှန်ပါ ) သဘောကျပြီလား( ကျပါပြီ ဘုရား ) ။
သူ့သားကျွတ်တမ်းဝင်ပါစေတော့လို့
            သူမွေးထားတဲ့ သားကလေးကိုဘာဖြစ်စေလိုလို့လဲ.( ကျွတ်တမ်းဝင်အောင်လို့ပါ ) ဒါတောင်မှ ကျွတ်တမ်းဝင်ဖို့ အရေးကို သူ့ အဖေပြချွတ်ရမှာ မောင်နိုင် ( မှန်ပါ )၊ ဒီတွင်မှ သူ့သားသုဘလုလင်က ဒီခွေးကို အင်မတန်ချစ်ခင်နေတော့ ခွေးဟောင်သံကြားတယ်၊ဟေ့ - ဆိုပြီး ဆင်းလာပြီး အခိုင်းအစေတွေ မေးတော့ မြတ်စွာဘုရားကြွလာတယ်၊ ခွေးကို ပြောသွားတယ်၊ ဘယ့်နှယ်ပြောသွားသတုံး ၊ တောဒေယျလို့ ခွေးကိုခေါ်ပါတယ်၊ ဆွမ်းတစ်ဇွန်းတစ်ယောက်မလောက်မှ လှူခဲ့တာ မရှိလို့ ခွေးဖြစ်ရတဲ့အထဲမှာ အခုငါ ဘုရားကိုပြစ်မှားပြန်ပြီလား.။ မင်း ဒီတစ်ခါသေရင် အ၀ီစိသွားလိမ့်မယ် ပြောသွားတယ်လို့ ပြန်ပြောတယ် ( မှန်ပါ ) ။
            သူကလည်း ပုဏ္ဏားမျိုးဖြစ်နေတော့ မကျေနပ်လိုက်တာ ဒကာ ဒကာမတို့ ၊ သူတို့ပုဏ္ဏားများသေရင် ဗြဟ္မာဖြစ်တယ်လို့ ယူထားတာကိုး..( မှန်ပါ )၊ ရှင်းပြီလား ( ရှင်းပါပြီ ) ။
မင်းအဖေခွေးဖြစ်နေတယ်
            ဒါနဲ့ မကျေနပ်ပါဘူး၊ ကျောင်းလိုက်ပြီး မေးပါမယ်ဆိုပြီးမေးတော့ မင်းအဖေ ခွေးဖြစ်နေတယ်လို့ ဘုရားက အတိအလင်းပဲ မိန့်ကြားလိုက်တယ်( မှန်ပါ )မင်းမယုံလို့ရှိရင် နက်ဖြန်ကျတော့ ရေမရောတဲ့ နို့ရည်နဲ့ ဆန်ပြုတ်ကျိုပြီး ကျွေးစမ်း နို့ထမင်းကျိုပြီ ကျွေးစမ်းကွာ၊ သူအိပ်ချင်လို့ နည်းနည်း ကလေးမျက်စိမှေးတဲ့အခါ မင်းကကျောကလေးသပ်ပေး၊ ရွှေဘယက် ရွှေခြေနင်း ဘယ်ထားခဲ့သတုံး၊ ရွှေလင်ပန်း ဘယ်တော့ခဲ့သတုံးမေး၊ ပြောပါလိမ့်မယ် မိန့်လိုက်တယ် ( မှန်ပါ ) ။
ပစ္စည်းတွေယက်ပြီးပြတယ်
            ဒါနဲ့ပြန်လာခဲ့ပြီး နက်ဖြန်ကျတော့ ကျွေးလည်းကျွေးတာပဲ မောင်နိုင်၊ ကျွေးပြီးတော့ အိပ်ချင်နေတုန်း မျက်လုံးမှေးမှေးနေတဲ့အချိန်မှာ ကျောသပ်ပြီးမေးတော့ရတာပဲ၊ ပြောတော့သူခြေကလေး လက်ကလေးနဲ့ ယက်ပြီးနေရာတိုင်း လျှောက်ပြတာ ကိုစောမောင်၊ တူးကြည့်တော့ ရတာပဲ ..( မှန်ပါ )၊ဘယ်သူက ဖြစ်လာတဲ့ခွေးလဲ၊ သူ့အဖေက ဖြစ်လာတဲ့ခွေး ..( မှန်ပါ )ရိပ်မိပြီလား..( ရိပ်မိပါပြီ ) ။
            ဘာနဲ့ သေသွားသတုံးလို့မေးတဲ့အခါကျတော့ သူ့သားကလေးကိုလည်း သုံးဖြုန်းပစ်မှာ သိပ်စိုးရိမ် တယ်၊ ငါစုထားတာတွေ နည်းတာမဟုတ်ဘူး၊ ဒီကောင်ဟာရမ်းပြီ ဖြုန်းပစ်လိုက်လို့ ရှိရင် ခက်ချေရဲ့ ဆိုပြီး ပစ္စည်းစွဲသွားတော့ တဏှာနဲ့ စွဲသွားတော့ အပုညာဘိသင်္ခါရ မနေဘူးလား..( နေပါတယ် ) ဘယ်သူက အုပ်ချုပ်ထားသတုံး..( အ၀ိဇ္ဇာက အုပ်ချုပ်ထားပါတယ် ဘုရား ) ၊ အပုညာဘိသင်္ခါရာ ..ရိပ်မိကြပြီလား( ရိပ်မိပါပြီ ဘုရား ) ။
သေတော့ငရဲကျတယ်
            ဒါကလေးတွေ သားလည်း အမွေပေးပြီးပါရော ကိုစောမောင် သေတာပါပဲ။ သေပြီး ငရဲသွားပါလေ ရော..( မှန်ပါ ) ။
            ကဲ - သမ္မဿကတဥာဏ်တောင် ဖုံးထားတယ်ဆိုတာ ပေါ်ကြပြီလား( ပေါ်ပါပြီဘုရား )၊ ကံ ကံ၏ အကျိုးယုံကြည်ရဲ့  - အလှူအတန်းကလေး၊ သီလကလေးလောက်တောင်မှ ပါသေးရဲ့ လား ( မပါပါဘူး )၊ ဘယ်လောက်များ ဆိုးသတုံး..( ဆိုးပါတယ်ဘုရား ) ၊ ဘယ်သူအုပ်ထားတယ်ဆိုတာ သက်သေခံလုံလောက် ပြီလား( လုံလောက်ပါပြီ ) ၊ ၁ - နံပါတ် ကမ္မဿကတဥာဏ်ကို ဘယ်သူအုပ်ထားသတုံး ( အ၀ိဇ္ဇာက အုပ်ထားပါတယ် ) ။
အပုညာဘိသင်္ခါရ
            ကိုင်း - ယခု ဒကာ ဒကာမတွေတော့ ဒါဟာ မအုပ်ပါဘူးလို့လဲ၊ ဘုန်းကြီးက ဆိုပါတယ် ..( မှန်ပါ )၊သို့သော် အုပ်တဲ့အခါလည်း အုပ်သေးတယ် ..( မှန်ပါ )၊ ဆွမ်းတော်ကို မမျှနိုင်ဘူး၊ ၀မ်းတောင်မှ မ၀ဘဲနဲ့ ဆိုတဲ့အခါကျတော့ အုပ်သွားပြန်တာပဲ ..( မှန်ပါ )၊ မလာဘူးလား .. လာသလား( လာပါတယ် )။
            ဆွမ်းတော်မမျှနိုင်းဘူး၊ ၀ိမ်းတောင်မှ မ၀တဲ့အခါဆိုတော့ မစ္ဆရိယ ကိုစောမောင် ပါ .. မပါ ..( ပါ ပါတယ်ဘုရား )၊ ဒီကျတော့ အ၀ိဇ္ဇာပစ္စယော ..( သင်္ခါရပါဘုရား ) အပုညာဘိသင်္ခါရလုပ်ပါ ..( မှန်ပါ ) ။
ပုညဘိသင်္ခါရ
            ကိုင်း - နောက်ဘ၀ကောင်းစားရေးဆိုပြီး တစ်ခါလုပ်ပြန်တယ်၊ ဒီဘ၀လည်း တို့လူတမ်းစေ့စေ့ နေနိုင်တယ်၊ ဒီလို မလှူလို့ရှိရင် နောက်ဘ၀ ဒီထက်ပိုဆင်းရဲ ချေရဲ့ ၊ နောက်ဘ၀ပါလို့ရှိရင် လှူပြန်တော့ ပြန်ရွတ်ကြပါအုံး၊ အ၀ိဇ္ဇာပစ္စယာ( ပုညာဘိ သင်္ခါရပါ ) ပုညာဘိသင်္ခါရဘက် သွားပြန်ရေ ကိုစောမောင် ( မှန်ပါ )။
            မလှူဘဲနေပြန်တော့လည်း အ၀ိဇ္ဇာပစ္စယာ..( အပုညာဘိသင်္ခါရာပါဘုရား ) ၀ဋ်တောင့်တပြီး ဘုံဘ၀ တွေတောင့်တပြီး နောက်ဘ၀ မျှော်လင့်ရေးနဲ့ လုပ်ပြန်တော့လည်း ..(အ၀ိဇ္ဇာပစ္စယာ ပုညာဘိသင်္ခါရာပါဘုရား )၊ ဘယ်ဟာမှ မကောင်းဘူး( မှန်ပါ ) ရိပ်မိပြီလား ( ရိပ်မိပါပြီ ) ။
            မကောင်းတာချည်းပဲဆိုတော့ သို့သော မကောင်းထဲကမှ မကောင်းရှာတော့ အပုညာဘိသင်္ခါရက ပိုပြီးမကောင်းတယ် ..( မှန်ပါ )၊ဒါမကောင်းထဲကမှ အကောင်းရှာလို့ရှိရင် ပုညာဘိသင်္ခါရကမှ တော်သယောင် ရှိသေးတယ် ၊ သို့သော် သံသရာ့အပြင်ဘက်တော့ မထွက်ဘူး..( မှန်ပါ ) အိုဘေး၊ နာဘေး၊ သေဘေးတော့ ( မလွတ်ပါဘူးဘုရား ) မလွတ်ဘူးဆိုတာ ရိပ်မိကြပြီလား..( ရိပ်မိပါပြီဘုရား ) ။
            အဲဒါကြောင့် ဒီကုသိုလ်မျိုးကို မလုပ်ပါနဲ့၊ လှူမယ်၊ တန်းမယ်၊ ပေးမယ် ဆိုလို့ရှိရင် မိမိခန္ဓာကြီးကို ၀ိပဿနာရှုလို့ ဟောဒီဒုက္ခ၀ဋ်မှ ကျွတ်ရပါလို၏ ဆိုပြီး လှူကြပါဆိုတာ ဆရာဘုန်းကြီးက ခဏခဏ သတိပေးပါတယ် ..( မှန်ပါ )၊ သစ္စာမြင်ပြီး လှူစေချင်လို့ပြောပါတော့ ( မှန်ပါ )၊ ဒုက္ခ၀ဋ်မှကျွတ်စေချင်လို့ နော်..( မှန်ပါ )၊
            အဲဒါမျိုးကျတော့ ဘယ်လောက်ပဲ လှူလှူ ဒကာ ဒကာမတို့ ပုညာဘိသင်္ခါရ မဖြစ်တော့ဘူး ( မှန်ပါ ) ၀ိဝဋ္ဋကုသိုလ်ဖြစ်သွားပြီဆိုတာ သဘောကျပြီလား ( ကျပါပြီ )၊ နဂိုက ဒုက္ခသစ္စာ ကျွတ်ချင်လို့ စွန့်တာကိုးဗျာ၊ ဒုက္ခသစ္စာကျွတ်ချင်တာက ဥာဏ်မဟုတ်လား..( မှန်ပါ )၊ သစ္စာဥာဏ်နဲ့လှူတာ.( မှန်ပါ )၊ သဘောကျပြီလား..( ကျပါပြီ )။
သစ္စာဥာဏ်နဲ့ လှူရင်သံသရာတိုတယ်
            သစ္စာဥာဏ်နဲ့ လှူခဲ့လို့ ဒီဥစ္စာက သံသရာတိုတယ်..( မှန်ပါ ) ဘုရားက ငါဘုရား သစ္စာမသိလို့ သံသရာရှည်ခဲ့တယ် .( မှန်ပါ )၊ မင်းတို့လည်း သစ္စာသိပြီးလုပ်ရင် သံသရာပြတ်တယ်ဆိုတဲ့ အဓိပ္ပါယ်ကို ဘုရားက ထောက်ခံချက်မပေးဘူးလား..( ပေးပါတယ်ဘုရား ) ။
            စကုန္နံ အရိယသစ္စာနံ ယထာဘူတံ အဒဿနာ သံသရိတံ ဒီဃမဒ္ဓါနံ ဆိုတာ ကိုယ်တော်မြတ်ကြီး ကိုယ်တိုင်ဟောတာ.. ( မှန်ပါ ) ၊ သစ္စာမသိတော့ ငါဘုရားလည်း သက်တော်ရှည်ခဲ့တာပဲ ( မှန်ပါ )၊ သစ္စာသိတဲ့ အချိန်ကျမှကိုယ်တော်ကြီးလည်း ကျွတ်တမ်းဝင်တော်မူခဲ့ရတယ်၊ သစ္စာသိတဲ့ အချိန်ကျမှခန္ဓာ ဇာတ်သိမ်းတော့တယ် ဆိုတာလည်း ဘုရားက လုံလောက်အောင် ကိုစောမောင် ဟောသွား - မသွား( ဟောသွားပါတယ်ဘုရား ) ၊ ရှင်းကြပြီးလား( ရှင်းပါပြီ )။
တရားပွဲမှာအ၀ိဇ္ဇာကခွာပြီးသား
            ဒါဖြင့် ဒကာ ဒကာမတို့ ၁ - နံပါတ် ကမ္မဿကတဥာဏ်ဖုံးနေတဲ့ အ၀ိဇ္ဇာတော့ဖြင့် ဟောဒီ တရားပွဲမှာ ဒကာ ဒကာမတွေ အကုန်ပဲခွာပြီးသားပါပဲ..( မှန်ပါ )၊ သဘောကျပြီလား( ကျပါပြီ )၊ ဒါဖြင့် ၁ - နံပါတ်ဖြူတ်လိုက်ပါ ဒကာ ဒကာမတို့၊ ဘယ်နှယ်ခု ကျန်သတုံး.. ( လေးခုကျန်ပါတယ်ဘုရား )၊ ဒီတော့ အမှောင်ခွင်းလို့ အလင်ရောက်ပြီလားလို့ မေးရင် ကိုစောမောင်က ဘယ့်နှယ်ဖြေမတုံး ( မရောက်ပါသေးပါ ဘူးဘုရား ) နောက်က ဒကာ ဒကာမတွ ( မရောက်သေးပါဘူးဘုရား ) နောက်က ဒကာ ဒကာမတွေ . ( မရောက်သေးပါဘူဘုရား ) အမှောင် ဘယ်နှချက်လိုသေးသတုံး ..( လေးချက်လိုပါတယ်ဘုရား )၊ အမှောင် ဘယ်နှချက်လိုသေးသတုံး( လေးချက်လိုပါတယ်ဘုရား ) လေးချက်အုပ်နေသေးတယ်ဆိုကတည်းက ဒကာ ဒကာမတွေ ရေးရေးကလေး ရှိသေးတယ်( မှန်ပါ )ရေးရေးကလေးဆိုတော့ တော်တော်စူးမယ့် ဆူးကို မြင်ပါ့မလား..( မမြင်ပါဘူး ) တော်တော်စူးမယ်ဆူးကိုမြင်ပါ့မလား..( မမြင်ပါဘူး ) တော်တော်သေးတဲ့ မြွေကို မြင်ပါ့မလား..( မမြင်ပါဘူး ) ဒါဖြင့် ဒီမြွေကိုက်လို့၊ ဒီဆူး စူးလို့ သေပါလိမ့်အုံးမယ်၊ ရေးရေးရှိသေးတာ ကိုး..( မှန်ပါ ) ၊ သဘောကျပြီလား..( ကျပါပြီ )။
            ဒါဖြင့် ဒကာ ဒကာမတို့ ပြင်ကြပါအုံး၊ ဆင်ကြပါအုံး၊ ဒီဥစ္စာဖြင့် ခွာကြပါအုံးဆိုတာကို သတိပေးထိုက်၊ မပေးထိုက် ( ပေးထိုက်ပါတယ်ဘုရား )။
၂။ ခန္ဓာကိုယ်မှာ ရုပ်နဲ့ နာမ်ပဲရှိတယ်
            ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့ ၂ - နံပါတ် အ၀ိဇ္ဇာကိုခွာကြပါစို့၊ ၂ - နံပါတ် ခွာကြပါစို့ဆိုတော့ ခန္ဓာကြီးထဲမှာ ရုပ်နဲ့နာမ်ပဲရှိတယ် ကိုစောမောင် ( မှန်ပါ ) ။
            အားလုံး တရားနာနေတဲ့ဒကာ ဒကာမတွေ ဘာပဲရှိပါလိမ့် ..( ရုပ်နဲ့ နာမ်ပဲ ရှိပါတယ်ဘုရား ) ။
            ဒါကလေးတောင်မှ တစ်ခါတစ်ခါ ဒကာ ဒကာမတွေက ရုပ်နာမ်ကလေးကိုပဲ တယ် - ငါရိုက်လိုက်ရ သေကုန်တော့မယ်၊ ငါအော်လိုက်ရလို့ရှိရင် လူကြားကုန်တော့မယ်၊ ရုပ်နာမ်ကို ငါလုပ်လာလိုက်သေးတယ်၊ မလာဘူးလား.( လာပါတယ် ဘုရား ) ငါအော်လိုက်ရလို့ရှိရင်ဖြင့် အိမ်ကို ပွက်လောလန်သွားတော့မယ်၊ ငါ ဒါကြောင့် ရေငုံနေတာ.. စသည်ဖြင့် ရှုပ်လို့ ကိုစောမောင်( မှန်ပါ )၊ ဒါ ရုပ်နာမ်ကို မသိတဲ့ အ၀ိဇ္ဇာကလုပ် နေတာ ကိုစောမောင်( မှန်ပါ ) ။
ရုပ်နာမ်မှန်းမသိအောင်ဖုံးထားတယ်
            ဘယ်သူက လုပ်တာပါလိမ့် ..( အ၀ိဇ္ဇာကလုပ်တာပါ ) ၂ - နံပါတ် အ၀ိဇ္ဇာကလုပ်တာ ..( မှန်ပါ ) ရုပ် နာမ်မှန်း မသိအောင် ဖုံးထားတဲ့ အ၀ိဇ္ဇာက လုပ်တယ်၊ ရုပ်နာမ်ပေါ်သေးရဲ့ လား..( မပေါ်ပါဘူး ) ။
            အဲဒါကျတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ လျှော့ပေးလို့မရတော့ဘူး၊ ရှိနေသေးတယ်လို့ ဟောရမယ် ( မှန်ပါ ) ။
            ကိုစောမောင် ဘယ့်နှယ်ဟောရမတုံး ( ရှိနေသေးတယ်လို့ ဟောရပါမယ်ဘုရား ) ရှိနေသေးတယ် ပဲ ဟောရမယ်၊ ဒါအလုပ်မလုပ်တဲ့ အချိန်မှာ ရှိနေတယ်နော် ( မှန်ပါ )။
            ဒါဖြင့် အ၀ိဇ္ဇာသည်ကားလို့ဆိုလို့ရှိရင်ဖြင့် ရှိလို့သာ ဒီဒိဋ္ဌိထွက်လာတာ ကိုစောမောင် ..( မှန်ပါ )၊ အ၀ိဇ္ဇာအုပ်ချုပ်ရေး ရှိနေလို့ ဒိဋ္ဌိလောဘထွက်လာတာပေါ့ ..( မှန်ပါ )၊ သူလည်း တိုတိုပြောတော့ သူလည်း သင်္ခါရထဲကပါပဲ .. ( မှန်ပါ )၊ ရှင်းကြပြီးလား( ရှင်းပါပြီဘုရား )။
သူတော်ကောင်းအလုပ်ကို လုပ်ကြစမ်းပါ
            ကိုင်း ဒကာ ဒကာမတို့ အိမ်မှာ နေတဲ့အချိန် သူတော်ကောင်းအလုပ်ကို ဆရာဘုန်းကြီးက လုပ်ကြ စမ်းပါ၊ လုပ်ကြစမ်းပါ၊ ဖြစ်ပျက်ကလေးမြင်အောင် လုပ်ကြစမ်းပါ၊ ဖြစ်ပျက်ကလေး မုန်းသွားအောင် လုပ်ကြစမ်းပါ၊ ဖြစ်ပျက်ကလေးဆုံးသွားအောင် လုပ်ကြစမ်းပါဆိုတာများ ခင်ဗျားတို့ အလင်းရပါစေတော့လို့ ပြောနေတာ . ( မှန်ပါ ) ခင်ဗျားတို့က ကြေးထူနေသေးတယ်၊ တပည့်တော်တို့က အမှောင်ကြိုက်ဘုရားလို့၊ ကြေးထူတဲ့လူဟာ အမှောင်ကြိုက်လို့ဆိုတဲ့ စကားနဲ့ကော ထူးသေးရဲ့ လား..( မထူးပါဘူး )။
သားဆူးကစူး၊ သမီးဆူးကစူး
            ကိုစောမောင် သဘောပါရဲ့ လား..( ပါပါတယ်ဘုရား) လုပ်တော့ လုပ်မယ်လို့ ရည်ရွယ်ချက်တော့ရှိ တယ်၊ ရည်ရွယ်ချက်တော့ရှိရင် အမှောင်ထဲ ပျော်သေးလို့လားလို့ အခုမေးရုံပဲ ..(မှန်ပါ )၊ သဘောကျပြီလား .( ကျပါပြီ )၊ မှောင်ထဲမှာ စမ်းသွားနေရလိုရ ခလုတ်တံသင်းတွေနဲ့ စူးလိုက် တိုက်လိုက်နဲ့၊ သားတည်းဟူ သော ဆူးကစူးလိုက်၊ သမီးတည်းဟူသော ဆူးကစူးလိုက်၊ ဒါကို ကြိုက်နေသေးလို့လားလို့ မေးဖို့မလိုဘူး လား ( လိုပါတယ် ) သားတည်းဟူသော ဆူးကစူးလိုက်လည်းရင်ထဲမှာ ထိတ်ခနဲ၊ သမီးတည်းဟူသော ဆူးကစူးလိုက်လည်း ရင်ထဲမှာ ထိတ်ခနဲ၊ မျက်ရည်တွေ ဖြိုက်ခနဲ ကျလာတယ်၊ မကျဘူးလား - ကျပါတယ် ၊ အဲဒါ မှောင်ထဲသွားနေလို့ ဖြစ်ချင်သလို ဖြစ်နေတာ ( မှန်ပါ ) သဘောကျပြီလား ..( ကျပါပြီ ) ။
ရုပ်နာမ်မသိတဲ့ အ၀ိဇ္ဇာမကွာလို့
            အဲဒီလိုဖြစ်တာတွေ ဟူသရွေ့ ကို ဒကာ ဒကာမတွေက စဉ်းစားခန်း ထုတ်လိုက်တဲ့ အခါကျတော့ သြော်- ၂ - နံပါတ် အ၀ိဇ္ဇာ မကွာလို့ ဒီဆူးအစူးခံနေရတာ..( မှန်ပါ )၊ သားသမီး ဆူးစူး၊ ပစ္စည်းဆူးကစူး၊ ပစ္စည်းတွေကလည်း တစ်ခါတလေကျတော့ မြတ်မယ်လို့ ထားလိုက်တာ ရှုံးတယ်ဆိုတော့ ဟိုက်ခနဲ - စူး လိုက်တဲ့ဖြစ်ခြင်း မပြောပါနဲ့တော့ ..( မှန်ပါ ) အငြိမ်ကိုနေလို့ရရဲ့ လား..( မရပါဘူးဘုရား ) အခုသွားပါဟ အခုပြောပါဟ၊ အခုဆိုပါဟ၊ အခုလိုက်ပါဟ စသည် မလာဘူးလား ( လာပါတယ်ဘုရား ) ။
ဆူးဟူသ၍ ကျုပ်တို့အတွက်
            အဲဒါ ရုပ်နာမ်မှ မသိတဲ့ အ၀ိဇ္ဇာ အုပ်ချုပ်ပြီး သကာလ ထားလိုက်တဲ့အတွက် ကျုပ်တို့မှာဖြင့် ဆူးဟူ သရွေ့ ဟာ ကျုပ်တို့ အတွက်ချည်းပဲ( မှန်ပါ ) သားက စူးလိုက်၊ သမီးက စူးလိုက်နဲ့ အမေ အဖေမှာ လိုက်စူးနေတာပဲ. ( မှန်ပါ ) ။သားသမီးက စူးတာကော .. ( အမေ အဖေမှာပါ )၊ ပစ္စည်းက စူးတာကော ( အမေ အဖေပါပဲ ) ခေါင်းဆောင်မှာသာပြီးစူးတယ်လို့ ဆိုကြပါစို့ ( မှန်ပါ )။
            ဘယ့်နှယ်ဆိုကြပါမလဲ ..( ခေါင်းဆောင်မှာသာပြီးစူးပါတယ် ) သူက မှောင်ထဲ အပြေးသန်သကိုး . ( မှန်ပါ ) မှောင်ထဲ အပြေးသန်တဲ့ပုဂ္ဂိုလ်ဟာ ဆူးများလိမ့်မယ်ဆိုတာကော ဦးပြန့် ရိပ်မိပြီလား ( ရိပ်မိ ပါပြီ )။ ခင်ဗျားတို့က အိမ်ခေါင်းဆောင်မှသိရမယ် ၊ ကိုယ်ကဖြင့် စူးပြီးခဲ့ပြီဆိုတဲ့ အဓိပ္ပါယ်မျိုးလာမသွားဘူး လား ( လာသွားပါတယ် ) ။
            ရုပ်နာမ်ရယ်လို့မှ သိသေးရဲ့ လား..( မသိပါဘူး ) အဲ - မသိတဲ့အခါကျတော့ ငါလုပ်ဖြစ်တယ်ဆိုပြီး သကာလ ငါနဲ့ချည်း သွားလိုက်ကြတာ ၊ မသိအောင် ဖုံးထားတဲ့ အ၀ိဇ္ဇာက ဖုံးထားလိုက်တာ အကုန်ငါဖြစ်ပြီး သကာလ ရုပ်နာမ်တွေ ငါမဖြစ်မသွားဘူးလား( သွားပါတယ် ) အဲဒီကျအောင် ဖုံးထားတာက ဘယ်နံပါတ် အ၀ိဇ္ဇာပါလိမ့် ( ၂ - နံပါတ် အ၀ိဇ္ဇာပါ )၊ ၂ - နံပါတ် အ၀ိဇ္ဇာဆိုတာ တော်တော်ခွာလို့ လွယ်တယ်မှတ်သ လား..( မလွယ်ပါဘူး )။
မရှိရင် ပေါင်းနှံပြီးပေးရမယ်
            မလွယ်ဘူး ဒကာ ဒကာမတွေ ၊ ၂ - နံပါတ်အ၀ိဇ္ဇာက သူကတော့ အမှောင်ထဲ သွားနိုင်တယ် ၊ ခုနင် ကပြောတဲ့ဆွေကိစ္စ မျိုးကိစ္စစသည်ဖြင့် နေမကောင်းလဲ မနေနိုင်ဘူး၊ မရှိလဲပေါင်နှံပြီးသကာလ ကူတန်ကူရ မယ့် ကိစ္စတွေကော ..( ရှိပါတယ်ဘုရား ) လှည့်ပတ်ပြီး ပေးရမယ့်ကိစ္စတွေကော..( ရှိပါတယ် ဘုရား )၊ အို - မပြောပါနဲ့တော အဲဒါတွေက တစ်ခါတည်း ချမ်းသာလဲပေး၊ မချမ်းသာလဲပေး၊ ရှိလဲပေး၊ မရှိလဲပေး မတတ် နိုင်ဘူး၊ ဆင်းရဲတဲ့ ဘ၀ကျလာရင် ဒီဥစ္စာတွေဟာ တစ်ခါတည်း ကိုယ့်ကိုယ်ချည်း စူးတဲ့အဓိပ္ပါယ် မလာဘူး လား ( လာပါတယ်ဘုရား )၊ ဘယ်နှယ့်ကြောင့် ဒီစူးချက်သန်နေပါလိမ့် - မှောင်ထဲပြေးနေတာကိုး ( မှန်ပါ ) ၊ ၂ - နံပါတ် အမှောင်အောက်မှာ သူပြေးနေတာ.( မှန်ပါ ) ရုပ်နာမ်မှ မသိတော့ဘဲကိုးဗျ ( မှန်ပါ ) ။
ရုပ်နာမ်သိရင် ဒိဋ္ဌိကွာတယ်
            ရုပ်နာမ်သိလို့ရှိရင် ငါဆိုတဲ့ ဒိဋ္ဌိက ကွာမနေဘူးလား.၊ ( ကွာနေပါတယ် ) ငါမှ မရှိဘူးဆိုလို့ရှိရင် ငါမရှိရင် သားဆိုတာကော ( ငါမရှိပါဘူး ) သားဆူးလဲ မစူးတော့ဘူး၊ သမီးဆူးကော..( မစူးပါဘူး ) ပစ္စည်း ဆူးကော..( မစူးပါဘူး ) ။
            အခုတော့ ၂ - နံပါတ်အ၀ိဇ္ဇာက အုပ်ချုပ်ပြီး သကာလ နေတော့ ဒိဋ္ဌိတည်းဟူသော ဆူးကလဲ ငါရှိပြီးသကာလ နေပြန်တော့ သားကိစ္စနဲ့ ကြုံပြန်တော့လဲ ဟိုက်ခနဲ ရင်ပူလိုက် တန်းခုန်လိုက် မြေလူးလိုက် လာပြန်တာပဲ၊ မလာဘူးလား ( လာပါတယ်ဘုရား ) ။
            အဲဒါတွေကြည့်လိုက်တော့ ဘယ်အ၀ိဇ္ဇာ မကျော်လွှားနိုင်လို့ ဒီကိစ္စတွေ အကြုံကြီး အဆုံကြီး ဆုံနေရပါလိမ့်မလဲ အကဲခတ်မိကြပြီလား( ခတ်မီနေပါပြီ ) ဘယ်အ၀ိဇ္ဇာတုံး( ၂ - နံပါတ် အ၀ိဇ္ဇာပါ ဘုရား ) ။ ၂ - နံပါတ်ရုပ်နာမ်မသိအောင် ဖုံးထားတဲ့ အ၀ိဇ္ဇာဒဏ်ချက်ကြောင့် သားဆူး၊ သမီးဆူး၊ ဆွေဆူး ၊ မျိုးဆူး၊ ငါတည်းဟူသော ဆူးတွေက စူးလိုက်တဲ့ဖြစ်ခြင်း မောင်နိုင်ရေ၊ ရှေ့ သွားနောက်ဆူး ..( မှန်ပါ ) အိမ် နေတဲ့အချိန်မှာလဲ အဝေးအတွက် လှမ်းစူးလိုက်တာကလဲ နည်းသလား..( မနည်းပါဘူး )။
ငါရှိလို့ ငါ့သား ငါ့သမီးရှိနေတာ
            ဘယ်လောက်ထိအောင် ဒကာ ဒကာမတွေ ရုပ်နာမ်ပဲလို့ဆိုတာ မသိတဲ့အတွက် ကိုစောမောင်ရေ ငါရှိလို့ ငါ့သားကရှိနေတာကိုး၊ ရုပ်နာမ်ရယ်လို့ သိသေးရဲ့ လား( မသိပါဘူး )၊ ငါရှိလို့ ငါ့သမီးကော ( ရှိ နေပါတယ် )၊ ငါရှိနေလို့ ငါ့ပစ္စည်း ကကော( ရှိပါတယ်ဘုရား ) ငါရှိလို့ ငါ့ဆွေမျိုးကော ( ရှိပါတယ် ဘုရား ) ၊ ငါရှိလို့ ငါ့ဥစ္စာတွေကော..( ရှိပါတယ်ဘုရား ) ရူးလိုက်တဲ့ဖြစ်ခြင်းတွေ၊ မောင်နိုင်အားသေးရဲ့ လား  ( မအားပါဘူးဘုရား ) အဲဒီမအားအောင် စူးတာသည် ဒကာ ဒကာမတို့ ငါတည်းဟူသော ရုပ်နာမ်မသိတဲ့ ဒိဋ္ဌိက မဖြုတ်တတ်ပါဘူး၊ မပြုတ်တော့ အ၀ိဇ္ဇာအုပ်လျက်ပဲဆိုတာ မသေချာဘူးလား( သေချာပါတယ် ) ။
အလေးချိန်ရှိတာရုပ်
            ဒါကြောင့် ဒကာ - ဒကာမတို့ ၊ ရုပ်နာမ်ကလေး သိလို့ရှိရင်ဖြင့် ၂ - နံပါတ်အ၀ိဇ္ဇာကွာမယ် ( မှန်ပါ )၊ သဘောကျပြီလား ( ကျပါပြီ ) ။
            ရုပ်နာမ်သိဖို့ဆိုတော့ မခက်လှပါဘူး ဒကာ ဒကာမတို့၊ ခင်ဗျားတို့ ကိုင်တွယ်စမ်းသပ်လို့ရတဲ့ အလေးချိန်ရှိတာကြီးဟာရုပ်ပဲ ( မှန်ပါ )။ ဒီထဲမှာ စားချင် သောက်ချင် ပြောချင်ဆိုချင်ဆိုတာကလေးတွေ ဟာအထည်လဲမရှိဘူး၊ ချိန်တွယ်လို့လဲ မရဘူး၊ ဖျပ်ဖျပ် ဖျပ်ဖျပ်နဲ့ ပေါ်လာပြီး ချုပ်သွားကြတဲ့ ဝေဒနာကလေး တို့ ၊ စိတ်ကလေးတို့၊ သညာကလေးတို့ဟာ မောင်နိုင် - နာမ်လို့ မှတ်လိုက်ပါ ( မှန်ပါ ) ။
အသမားကခိုင်းနာမ်၊ အလုပ်သမားကရုပ်
            ဒါဖြင့် အခိုင်းသမားနာမ်၊ အလုပ်သမားရုပ်လို့ မှတ်လိုက်ရင်လဲ မပြီးဘူးလား( ပြီးပါတယ်ဘုရား )၊ ဒီလိုချည်းသိနေပြန်လို့ရှိရင်လဲ ငါဆိုတာ ရှာတွေ့ သေးရဲ့ လား( မတွေ့ ပါဘူး )၊ အဲ - ငါရှာမတွေ့ တဲ့ အခြေ အနေရောက်ပြန်တော့လဲ ဒကာ - ဒကာမတို့ ၂ - နံပါတ် အ၀ိဇ္ဇာကွာသွားတဲ့ အတွက် ငါမရှိလို့ ငါ့သား၊ ငါ့ပစ္စည်း၊ ငါ့ကိုပြုသွားပြန်ပြီး အစရှိသည်နဲ့ လာသေးရဲ့ လား..( မလာပါဘူး ) ။
            ဒါဖြင့် ရုပ်နာမ်ကွဲမှာ ကိုစောမောင် ၂ - နံပါတ် အ၀ိဇ္ဇာကွာမယ်( မှန်ပါ )။
            သို့သော် ၀ိဇ္ဇာဥဒပါဒိဆိုတဲ့ စတုတ္ထ၊ ပဉ္စမတို့နဲ့ အဝေးကြီးကျန်သေးတယ်..( မှန်ပါ ) မကျန်ဘူးဘူး. ( ကျန်ပါတယ် ) ၊ သဘောပါကြပြီလား ( ပါ ပါပြီ ) ။
အလင်းကလေးနှစ်လင်းတော့ရပြီ
            ဒါဖြင့် ရုပ်နဲ့ နာမ်သိလို့ရှိရင် ဘယ်အ၀ိဇ္ဇာကွာ သတုံး ( ၂ - နံပါတ် အ၀ိဇ္ဇာ ကွာပါတယ် ) ၊ အဲ - အလင်းကလေး နှစ်လင်းရောင်တော့ဖြင့် ရပေါ့လို့ ဆုံးဖြတ်ချက် မချနိုင်ဘူးလား..( ချနိုင်ပါတယ်ဘုရား ) ကမ္မဿကတဥာဏ် အလင်းကလေးလည်း ဒီဒကာ ဒကာမတွေ ရှိနေပါပြီ ၊ ရုပ်နာမ်သိတဲ့အလင်း ဥာဏ်က လေးကော( ရှိပါတယ် ဘုရား ) အဲ - အလင်းကလေး နှစ်လင်းတော့ ရပြီ၊ အမှောင်က ဘယ်နှချက် အုပ်နေ သတုံး( ငါးချက်ပါ ) ရတာက - ၂ ၊ အုပ်နေသေးတာက - ၃ - ဆိုရင် ကိုစောမောင် မထေမိဘူး၊ ထေမိပါ့မလား ( မထေမိပါဘူး ) ။
            အဲဒါကြောင့် အဆုံးထိအောင် ခင်ဗျားတို့ အလုပ်လုပ်ပြီး သွားကြရလိမ့်မယ်ဆိုတာ သဘောပါပြီလား . . . ( ပါ ပါပြီ ) ။
 
ကဲ - ယနေ့ ဒီတွင် တော်ပါအုံး . . . ။
သာဓု သာဓု သာဓု
မှတ်ချက်။          ။http://mogok.page.tl

No comments: